တရုတ်လူကုန်ကူးသူတွေ လက်က ကလေး ၉၂ ဦး ကယ်နိုင်

Child trafficking and sexual exploitation of women and minors are severe forms of abuse.

တရုတ်နိင်ငံမှာ လူမှောင်ခိုဂိုဏ်းတခုက ဖမ်းဆီးထားတဲ့ ကလေးငယ် ၉၂ ယောက်နဲ့ အမျိုးသမီး ၂ ယောက်ကို ရဲတွေက ကယ်တင်နိုင်ခဲ့ပါတယ်။ ဒီအမှုနဲ့ဆက်နွယ်ပြီး မသင်္ကာသူ ၃၀၁ ယောက်ကို ဖမ်းဆီးထားတယ်လို့ အစိုးရပိုင် ရှင်ဟွာသတင်းက ပြောပါတယ်။

မြန်မာနိုင်ငံနဲ့ကပ်နေတဲ့ ယူနန်ပြည်နယ်နဲ့ ဆီချွမ်ပြည်နယ်တွေကနေ ကလေးတွေကိုဝယ်ပြီး တခြား ဒေသတွေမှာ ပြန်ရောင်းနေတဲ့ လူမှောင်ခိုကွန်ယက်ကြီးကို ဖြိုခွင်းနိုင်ဖို့ ပြည်နယ် ၁၁ ခုမှာ ရဲတပ်ဖွဲ့တွေ စီမံချက်ချဆောင်ရွက်ခဲ့တယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။
တရုတ်နိုင်ငံမှာ ကလေးခိုးမှုဟာ အဓိကပြဿနာကြီးတခုဖြစ်ပါတယ်။

တအိမ်ထောင် ကလေး ၁ ယောက်ပဲ ယူရမယ့် မူဝါဒကြောင့်ရော သားယောင်္ကျားလေးတွေကိုသာ အဓိကလိုချင်ကြတဲ့ အစဉ်အလာကြောင့်ပါ အခုနှစ်ပိုင်းတွေအတွင်း ကလေးတွေနဲ့ အမျိုးသမီးတွေကို ခိုးယူမှုတွေ ပိုပြီးများလာနေပါတယ်ရှင်။