မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင် ဒုဥက္ကဌ ဗိုလ်ချုပ်ကြီး ဖန်ချန်လောင်း လာရောက်တဲ့ ခရီးစဉ်ဟာ တရုတ်အစိုးရရဲ့ နိုင်ငံတကာနဲ့ ဘက်စုံ ဆက်ဆံရေးကို မြှင့်တင်လုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ်တွေထဲက အစီအစဉ်တရပ် ဖြစ်နိုင်ပြီး မြန်မာပြည်က အနောက်အုပ်စုနဲ့ ပိုမို နီးနီးကပ်ကပ် ဆက်ဆံလာနေတဲ့အပေါ် တရုတ်ဘက်က ဆက်ဆံရေးကို တိုးမြှင့်လာတာ ဖြစ်နိုင်ကြောင်း နိုင်ငံရေး စောင့်ကြည့်လေ့လာသူက သုံးသပ်ပါတယ်။ တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင် ဒုဥက္ကဌရဲ့ မြန်မာနိုင်ငံခရီးစဉ်နဲ့ ပတ်သက်တဲ့သတင်းကို ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က ရန်ကုန်မြို့ကနေ သတင်းပေးပို့ခဲ့ပါတယ်။
တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် ဗဟိုစစ်ကော်မရှင် ဒုဥက္ကဌ ဗိုလ်ချုပ်ကြီး ဖန်ချန်လောင်းဟာ ကဇက်စတန်၊ မြန်မာ၊ ထိုင်း ၃ နိုင်ငံ ခရီးစဉ်အတွင်း ဒီလ ၂၂ ရက်နေ့က မြန်မာနိုင်ငံကို ၃ ရက်ကြာ ခရီးစဉ်အဖြစ် ရောက်ရှိလာတာ ဖြစ်ပါတယ်။
ဒီလ ၂၃ ရက်နေ့ကတော့ နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်၊ စစ်ဦးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ တွေ့ဆုံခဲ့သလို၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းတို့နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
သမ္မတနဲ့ တွေ့ဆုံပွဲမှာ နယ်စပ်ဒေသ တည်ငြိမ်ဖွံ့ဖြိုးရေး၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှု၊ တရုတ်-မြန်မာအစိုးရ အကြားမှာသာမက တပ်မတော်နှစ်ရပ် အကြားမှာပါ ပိုမို ပူးပေါင်းဆောင်ရွက်မှုတွေ အစိုးရသစ် လက်ထက်မှာ အရှေ့အနောက် မခွဲခြားဘဲ ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံမှုနဲ့ နှစ်နိုင်ငံ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို နောက်တဆင့် တိုးမြှင့် ဆောင်ရွက်သွားဖို့ စတာတွေကို ဆွေးနွေးခဲ့ကြောင်း အစိုးရပိုင် သတင်းစာတွေမှာ ဖော်ပြပါတယ်။
တရုတ်နိုင်ငံမှာ နေထိုင်ပြီး တရုတ်-မြန်မာဆက်ဆံရေးကို လေ့လာနေသူ ဒေါက်တာလှကျော်ဇော်က တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင် ဒုဥက္ကဌ ဗိုလ်ချုပ်ကြီး ဖန်ချန်လောင်းရဲ့ ခရီးစဉ်ဟာ တရုတ်နိုင်ငံရဲ့ နိုင်ငံတကာနဲ့ စီးပွားရေး၊ စစ်ရေး၊ ကုန်သွယ်ရေးနဲ့ လူထုအချင်းချင်းကြား ဆက်ဆံရေး စတဲ့ ဘက်စုံ ဆက်ဆံရေးကို မြှင့်တင်လုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ်တွေထဲက အစီအစဉ်တရပ် ဖြစ်နိုင်ကြောင်း သုံးသပ်ပါတယ်။ အထူးသဖြင့် အာဆီယံနိုင်ငံတွေနဲ့ ဆက်ဆံရေးကို တဆင့်မြှင့် ဆောင်ရွက်နေချိန် ဖြစ်တယ်လို့လည်း ပြောပါတယ်။
“အထူးသဖြင့် သူ့ရဲ့ အိမ်နီးနားချင်း နိုင်ငံတွေနဲ့ ဆက်ဆံတဲ့အခါ အားလုံး ဒီအတိုင်း ဆက်ဆံတာပါ။ ဒါပေမဲ့ အခုအချိန်က ဆက်ဆံရတာ ပိုစိပ်လာတယ်။ ပိုတိုးလာတယ်လို့ ပြောလို့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ တရုတ်နဲ့ အာဆီယံ ဆက်ဆံရေးကို သူက တဆင့်မြှင့်လိုက်တာကိုး။ အာဆီယံနိုင်ငံနဲ့ တရုတ်နိုင်ငံ ဆက်ဆံရေးဟာ ဘာဖြစ်လို့ ဒီလောက် အရေးကြီးတာလဲ ဆိုတော့ အာဆီယံနိုင်ငံတချို့နဲ့ တရုတ်နဲ့ ဆက်ဆံရေးတွေ မပြေမလည်ဖြစ်လာတာတွေ များတယ်။ ဥပမာအားဖြင့် - တောင်တရုတ်ပင်လယ်ကိစ္စနဲ့ ဖိလစ်ပိုင်နဲ့ဖြစ်နေတဲ့ကိစ္စမျိုး၊ ဗီယက်နမ်နဲ့ ဖြစ်နေတဲ့ကိစ္စမျိုး၊ အဲ့ဒါမျိုးတွေ များလာတော့ သူက အာဆီယံနဲ့ ဆက်ဆံရေးက ပိုမိုကောင်းမွန်ဖို့အတွက် အာဆီယံနိုင်ငံတွေကို အတော် အထူးဂရုပြုပြီးတော့ လှုပ်ရှားနေတာ ဖြစ်တယ်။ အထူးသဖြင့် လာမယ့် စက်တင်ဘာလမှာ ကျင်းပမယ့် တရုတ်နဲ့ အာဆီယံ ပူးပေါင်းတဲ့ လုံခြုံရေးဆွေးနွေးပွဲတွေအတွက် ကြိုတင်ပြင်ဆင်ကြတာလည်း ဖြစ်ပုံရပါတယ်။”
ဒါ့အပြင် မြန်မာနိုင်ငံဟာ ၂၀၁၂ အတွင်း နိုင်ငံရေးအပြောင်းအလဲနဲ့အတူ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံမှုတွေ တိုးမြှင့်လာတာကြောင့် တရုတ်ဘက်က ဆက်ဆံရေးကို ပိုမို တိုးမြှင့်လာတာ ဖြစ်နိုင်ကြောင်းလည်း သုံးသပ်ပါတယ်။
“ဟုတ်ပါတယ် ဗမာပြည်က အခု အနောက်နိုင်ငံတွေနဲ့ တအား ဆက်ဆံရေး ကောင်းလာတယ်။ တရုတ်မှာ စိုးရိမ်ပူပန်မှုတွေ ရှိလာတာ အမှန်ပါ။ အပြိုင်အဆိုင်ပေါ့ဗျာ။ ဒါကတော့ နိုင်ငံငယ်လေးတွေကို အင်အားကြီးနိုင်ငံတွေက အပြိုင်အဆိုင် စွဲဆောင်သိမ်းသွင်းနေတဲ့ကာလပဲ။ ကျမတို့ နိုင်ငံက အခု တံခါးဖွင့်လာတော့မယ် ဆိုတဲ့အခါကျတော့ နောင်ကျရင် သူက ဖွံ့ဖြိုးတိုးတက်လာနိုင်တယ်လို့ တချို့က တွက်ကြတာကိုး။ ဈေးကွက်အရရော သူက ဖွံ့ဖြိုးလာနိုင်တယ်။ အဲ့တော့ သယံဇာတကလည်း နဂိုကတည်းက အင်မတန် ပေါများတဲ့ နိုင်ငံဖြစ်တော့ အလုအယက်တွေ ဖြစ်လာကြတာပေါ့လေ။ အရင်တုန်းကတော့ သူ တစ်ယောက်တည်း ဆက်ဆံရသလို ဖြစ်တာကိုး။ အခုကျတော့ အားလုံးနဲ့ ဆက်ဆံရမယ် ဆိုတဲ့အခါကျတော့ သူလည်း ခြေလှမ်း ခပ်စိပ်စိပ် သုတ်သုတ်ကလေး လုပ်လာတာလည်း ဖြစ်နိုင်ပါတယ်။”
မြန်မာပြည်တွင်း အပြောင်းအလဲတွေ ဖြစ်လာပြီးတဲ့နောက်ပိုင်းမှာတော့ တရုတ်နိုင်ငံက မြန်မာပြည်တွင်း ရင်းနှီးမြှပ်နှံတာတွေဟာ သိသိသာသာ ကျဆင်းလာခဲ့ပါတယ်။ အထူးသဖြင့် မြစ်ဆုံရေကာတာ ရပ်ဆိုင်းလိုက်တာနဲ့ မုံရွာမြို့ အနောက်ဘက်က လက်ပံတောင်းကြေးနီ စီမံကိန်းအပေါ် ကန့်ကွက်မှုတွေ တိုးမြှင့်လာတဲ့နောက်ပိုင်းမှာ ဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။
လောလောဆည်မှာတော့ တရုတ်နိုင်ငံ စွမ်းအင်အတွက် အသက်သွေးကြောလို ဖြစ်လာမယ့် ကျောက်ဖြူ-ကူမင်း ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းဟာလည်း မြန်မာပြည်သူတွေရဲ့ ကန့်ကွက်မှုတွေကြောင့် မတည်ငြိမ်တဲ့အခြေအနေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။