တရုတ်စီးပွားရေး ကျားကန်ဖို့ အထူးငွေစုလက်မှတ်တွေ ထုတ်ရောင်းမည်

Your browser doesn’t support HTML5

တရုတ်နိုင်ငံမှာ တိုးတက်နှုန်းနှေးကွေးနေတဲ့ စီးပွားရေးကို ကျားကန်ပေးဖို့အတွက် အစိုးရက အထူးငွေစုလက်မှတ်တွေ ထုတ်ရောင်းတော့မှာ ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာအတွင်း ပမာဏအများဆုံး ငွေကြေးကျားကန်ပေးမယ့် အစီအစဉ်အရ အစိုးရဘဏ်တွေ၊ ဒေသန္တရအစိုးရတွေ၊ အိမ်ခြံမြေဈေးကွက်တွေကို ထောက်ပံ့မှာ ဖြစ်ပါတယ်။