အိန္ဒိယ-တရုတ်နယ်စပ် ကားလမ်း၊ ရထားလမ်း အပြိုင်ဖောက်

အိန္ဒိယ-တရုတ်နယ်စပ် ကားလမ်း၊ ရထားလမ်း အပြိုင်ဖောက်

တရုတ်-အိန္ဒိယ နှစ်နိုင်ငံကြားက အငြင်းပွားနေတဲ့ နယ်စပ်ဒေသတလျှောက် တရုတ်တို့က အခြေခံ အဆောက်အအုံတွေ တည်ဆောက်လာတာကို တန်ပြန်လုပ်ဆောင်ဖို့ ကားလမ်းနဲ့ရထားလမ်းအသစ်တွေ တည်ဆောက်ဖို့ စီစဉ်ထားတယ်လို့ အိန္ဒိယ နိုင်ငံက ပြောလိုက်ပါတယ်။

အဆိုပြုထားတဲ့ ရထားလမ်းသစ် သုံးခုဟာ အရှေ့မြောက်ပိုင်းက အာသမ်ပြည်နယ်နဲ့ အိမ်နီးနားခြင်းပြည်နယ်ဖြစ်တဲ့ Arunachal Pradesh ပြည်နယ်တို့ကို ဆက်သွယ်ပေးလိမ့်မယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက လွှတ်တော်ဆီတင်သွင်းတဲ့ အစီရင်ခံစာတခုထဲ မှာ ဖော်ပြထားပါတယ်။ Arunchal Pradesh ပြည်နယ်ကို တရုတ်တို့က တောင်ပိုင်းတိဘက်လို့ နာမည်တပ်ခေါ်ဆိုပြီး ဒေသတခုလုံးကို သူတို့ပိုင်တယ်လို့ ပြောထားပါတယ်။

အဲဒီနယ်စပ်တလျှောက်မှာ ကားလမ်းသစ် ဒါဇင်ပေါင်းများစွာကိုလည်း ဖောက်လုပ်ဖို့ရှိပါတယ်။

နယ်စပ်တလျှောက် အခြေခံအဆောက်အအုံတွေ တည်ဆောက်တဲ့နေရာမှာ အထူးသဖြင့် တိဘက်ကုန်းမြင့်ဒေသလို ရေမြေ ပထဝီအနေအထားတွေကြောင့် တရုတ်တို့က အသာစီးရနေတယ်လို့ အိန္ဒိယ ကာကွယ်ရေးတာဝန်ရှိသူတွေက သောကြာနေ့မှာ ပြောပါတယ်။ အဲဒီနယ်စပ် အိန္ဒိယနိုင်ငံဘက်က နယ်မြေဒေသတွေဟာ လမ်းကြောင်းရှာ ကူးသန်းသွားလာဖို့ ပိုပြီးခက်ခဲတယ်လို့ အိန္ဒိယတာဝန်ရှိသူတွေကပြောပါတယ်။