တရားမဝင် အင်တာနက် တယ်လီဖုန်း တရုတ်နှိမ်နင်း

တရားမဝင် အင်တာနက် တယ်လီဖုန်း တရုတ်နှိမ်နင်း

အင်တာနက်ပေါ်ကနေ တရားမဝင် ဖုန်းဆက်သွယ်မှု ဝန်ဆောင်မှု ပေးနေတာတွေကို တရုတ်နိုင်ငံမှာ ပိတ်ဆို့လိုက်ပြီလို့ တရုတ်အစိုးရက ကြေညာလိုက်ပါတယ်။

လူကြိုက်များပြီး ဈေးသက်သာလှတဲ့ အမေရိကန် ကုမ္ပဏီကြီး SKYPE လို အင်တာနက် ဖုန်းလိုင်း ဝန်ဆောင်မှုကို အသုံးပြုနေကြတဲ့ တရုတ်နိုင်ငံသားတွေ အားလုံးကို ထိခိုက်သွားစေခဲ့ပါတယ်။

တရုတ်ရဲ့ သတင်းဆက်သွယ်ရေး နည်းပညာနဲ့ စက်မှုဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုက်ထဲမှာ အခုလို ပိတ်ဆို့မယ့် အကြောင်းကို အကျဉ်းရုံးပြီး ဖော်ပြထားပါတယ်။ ဘယ်လို အရေးယူမှုတွေနဲ့ ပိတ်ဆို့မယ်၊ အချိန်ဘယ်လောက် အတောအတွင်းမှာ ပိတ်ဆို့မယ် ဆိုတဲ့ အသေးစိတ်တွေကို ဖော်ပြထားခြင်း မရှိပါဘူး။

တရုတ်အစိုးရဟာ အစိုးရပိုင်ဖြစ်တဲ့ ချိုင်းနား တယ်လီကွန်း ကုမ္ပဏီနဲ့ ချိုင်းနား ယူနီကွန်း ကုမ္ပဏီ နှစ်ခုတို့ကိုပဲ ကွန်ပြူတာနဲ့ ချိတ်ဆက်ပြီး အင်တာနက်ပေါ်ကနေ ဖုန်းဆက်သွယ်မှု ဝန်ဆောင်ပေးခြင်းကို လုပ်ကိုင်ခွင့်လိုင်စင် ပေးထားတာ ဖြစ်ပါတယ်။

ဘေဂျင်း စာတိုက်နဲ့ ကြေးနန်း ဆက်သွယ်ရေး တက္ကသိုလ်ကြီးက ပါမောက္ခ ခန်းခေလီးက ဒီပိတ်ဆို့မှုဟာ SKYPE လို ကုမ္ပဏီမျိုးကို အစိုးရ ကုမ္ပဏီတွေက ဈေးခြင်း မယှဉ်နိုင်လို့ တဖက်သတ် စီးပွားရေးအရ ကာကွယ် ထိုးနှက် တိုက်ခိုက်ခြင်းသာ ဖြစ်ပြီးတော့ အင်တာနက်ဖုန်းကို ဈေးသက်သက်သာသာနဲ့ သုံးစွဲနေကြတဲ့ တရုတ်ပြည်သူတွေမှာသာ နစ်နာလိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။