ဆက်ဆံရေးတင်းမာမှုကြောင့် ဂျပန် တရုတ် စီးပွားရေးထိခိုက်

တရုတ်နဲ့ ဂျပန် ၂ နိုင်ငံကြား ဆက်ဆံရေးတွေ ဆိုးရွားလာနေတာမို့ တရုတ်နိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေဟာ ဂျပန်ကုမ္ပဏီတွေနဲ့ စီးပွားရေး မလုပ်သင့်ဘူးလို့ မကြာခင်ကမှ ကောက်ခံခဲ့တဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။

ဒါဟာ တရုတ်အစိုးရရဲ့ Global Times သတင်း၊ ဂျပန်နိုင်ငံက Nikkei နဲ့ တောင်ကိုရီးယားနိုင်ငံက Maeil စီးပွားရေး သတင်းစာတွေက ကောက်ယူကြတဲ့ ဗုဒ္ဒဟူးနေ့ စစ်တမ်းတွေရဲ့ ရလဒ်တွေ ဖြစ်ပါတယ်။

တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ ဂျပန်ကုမ္ပဏီတွေနဲ့ လက်တွဲ လုပ်ဆောင်နေရင် စီးပွားရေးနဲ့ နိုင်ငံရေးကို သေသေချာချာ ပိုင်းခြားလုပ်နိုင်စွမ်း မရှိဘူးလို့ လုပ်ငန်းရှင် ၆၀ ရာခိုင်နှုန်းက ဆိုပါတယ်။

တောင်ကိုရီးယား စီးပွားရေး လုပ်ငန်းရှင်တွေကလည်း အလားတူ ယုံကြည်ကြပြီး သူတို့ဟာ သံတမန်ရေး အငြင်းပွားမှုတွေ မရှိစေဖို့ ဂျပန်နဲ့ စီးပွားရေး လက်တွဲမလုပ်ဘဲ ရှောင်ရှားဖို့ ကြိုးစားခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ဂျပန်စီးပွားရေး လုပ်ငန်းရှင်တွေကတော့ အကောင်းမြင်တဲ့သဘော တွေ့ရပါတယ်။ ၈၀ ရာခိုင်နှုန်းက တရုတ်နဲ့ တောင်ကိုရီးယား နိုင်ငံတွေနဲ့ စီးပွားရေး ဆက်ပြီး လုပ်ဖို့ မဲပေးခဲ့ကြပါတယ်။

တရုတ်နဲ့ တောင်ကိုရီးယားနိုင်ငံသား အများအပြားဟာ ဂျပန်နဲ့ နယ်မြေပိုင်ဆိုင်မှု ဆိုင်ရာ အငြင်းပွားနေမှုနဲ့အတူ ဂျပန်ရဲ့ အတိတ်က အာဏာလွှမ်းမိုးမှု ဆိုင်ရာတွေနဲ့ ပတ်သက်ပြီး ဂျပန်ကို ဒေါသထွက်နေကြတာပါ။