မဲခေါင် မြစ်ကြောင်း တလျှောက်က နိုင်ငံတွေ ဖြစ်တဲ့ ကမ္ဘောဒီးယား၊ မြန်မာ၊ ဗီယက်နမ်၊ ထိုင်း၊ လာအို နိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ တရုတ် ဝန်ကြီးချုပ် Li Keqiang တို့ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်က Peace Palace မှာ ဒုတိယ အကြိမ် လန်ချန်း- မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး ခေါင်းဆောင်များ စည်းဝေးပွဲ ကျင်းပနေကြပါတယ်။
မဲခေါင်မြစ်ကြောင်း တလျှောက်က နိုင်ငံတွေနဲ့ ဖွံ့ဖြိုးရေး ၅ နှစ် စီမံကိန်း တခုကို တရုတ်ဘက်က တွန်းအားပေးနေပါတယ်။ မဲခေါင်မြစ်ကို တရုတ်မန်ဒရင်းနဲ့ လန်ချန်းလို့ ခေါ်တာပါ။ လန်ချန်း- မဲခေါင်ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့မှာ တရုတ်က အမြဲတမ်း ဥက္ကဌ အဖြစ် တရုတ် ဝန်ကြီးချုပ် Li Keqiang က အဖွဲ့ဝင်အားလုံး အတွက် တရုတ်က အကျိုးအမြတ်ရှိအောင် ဆောင်ရွက်မယ်လို့ ပြောဆိုပါတယ်။ မေးခွန်းမေးခွင့် မရတဲ့ သတင်းစာရှင်းပွဲမှာ တရုတ် ဝန်ကြီးချုပ် Li Keqiang က မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှုက အပြောသက်သက် မဟုတ်ဘူးလို့ ပြောဆိုခဲ့တာပါ။
အရေးကြီးတဲ့ မူတွေကို ဆွေးနွေးခဲ့ကြကြောင်း၊ တယောက်နဲ့ တယောက် လေးစားမှု ရှိရမှာ ဖြစ်ပြီး ဖွံ့ဖြိုးရေး အတွက် တဦးနဲ့ တဦး တန်းတူထား စဉ်းစားရမှာ ဖြစ်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ တကယ်တန်း အဆိုပြုထားတဲ့ အစီအစဉ်က သိပ်ပြီး ကျယ်ပြန့်လှပါတယ်။ အဓိက ဦးတည်ချက်လို့ ဆွဲထုတ်ပြဖို့ ခက်ခဲသလိုဘဲ၊ လူတွေရဲ့ လုပ်ရပ်တွေကြောင့် မဲခေါင်မြစ်အပေါ် ခြိမ်းခြောက်မှုတွေ တိုးလာတာကို ဖြေရှင်းနိုင်မယ့် ခိုင်မာတဲ့ အရေးယူ လုပ်ဆောင်မှုမျိုးလည်း မရှိပါဘူး။
မဲခေါင် လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးမှာ အဓိကကတော့ ရေအရင်းအမြစ်နဲ့ သဘာ၀ ပတ်ဝန်းကျင် အရေး ပူးပေါင်းဆောင်ရွက်မှုတွေ တိုးတက်စေဖို့ ဖြစ်ပြီး မဲခေါင် လေ့လာရေး စငတတာ တခုကိုလည်း တည်ထောင်သွားမှာ ဖြစ်တယ်လို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်က ပြောပါတယ်။ ဒါပေမယ့် အသေးစိတ်ကိုတော့ ပြောဆိုခဲ့ခြင်း မရှိပါဘူး။
Your browser doesn’t support HTML5