တောင်တရုတ်ပင်လယ် စစ်ရေးလေ့ကျင့်မှု တရုတ်ကာကွယ်ပြော

တရုတ်နိုင်ငံ ရေတပ်ဟာ တရုတ်နိုင်ငံရဲ့ အချုပ်အခြာ အဏာ၊ လုံခြုံရေး၊ အကျိုးစီးပွား၊ ဒေသတွင်း တည်ငြိမ် အေးချမ်းရေးနဲ့ တိုက်ခိုက်ရေး စွမ်းရည် မြှင့်တင်ရေး စတာတွေ အမြဲတမ်းအဆင်သင့် ဖြစ်နေဖို့အတွက် တပ်လှန့် ထားတယ်လို့ တရုတ်တပ်မတော် PLA ရဲ့ ရေတပ်ဆိုင်ရာ ပြောခွင့်ရသူ Liang Yang က စနေနေ့မှာ ပြောလိုက်ပါတယ်။

မကြာခင်က တောင်တရုတ်ပင်လယ်အတွင်း တရုတ်ရေတပ်က ကမ်းတက် စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့တာနဲ့ ပတ်သက်ပြီး မီဒီယာတွေမှာ တင်ပြနေကြ တာနဲ့ ပတ်သက်လို့ မှတ်ချက်ပေးပြောဆိုရင်း Liang က အခုလို ပြောလိုက်တာဖြစ်ပါတယ်။

ဒီစစ်ရေးလေ့ကျင့်မှုအတွင်းမှာ တပ်မတခုနဲ့အတူ မရိန်းတပ်ဖွဲ့တွေ၊ ရေနဲ့ ကုန်းတွင်းပိုင်း ပူးတွဲစစ်ဆင်ရေးတပ်ဖွဲ့တွေ၊ ရေတပ် ရဟတ်ယာဉ်အုပ်စု စတာတွေ ပါဝင်ခဲ့ပါတယ်။

ဒီပြုလုပ်တဲ့ လေ့ကျင့်မှုဟာ ကမ္ဘာကပြုလုပ်နေကြတဲ့ စစ်ရေးလေ့ကျင့်မှုမျိုးသာဖြစ်ပြီး ရေတပ်ရဲ့တိုက်ခိုက်နိုင်မှု စွမ်းရည်ကို စမ်းသပ်တာ၊ တနေရာကနေ တနေရာ စစ်ရေးအရ ပြောင်းရွှေ့ချထားမှုကို ပိုမိုကောင်းမွန်အောင် ထောက်ပံ့ ပို့ဆောင်ရေးစွမ်းရည်၊ ရေကြောင်း ကယ်ဆယ်ရေးစွမ်းရည် စတာတွေကို ပိုမို ကောင်းမွန်လာစေဖို့ လေ့ကျင့်တာ ဖြစ်တယ်လို့ Liang ကပြောပါတယ်။

တရုပ်ရေတပ်အနေနဲ့ အခုလို လေ့ကျင့်မှုတွေကို ဆက်လက် ပြုလုပ်သွားမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

တောင်တရုတ်ပင်လယ်အတွင်း တရုတ်ရေတပ်ရဲ့ စစ်ရေးလေ့ကျင့်မှုဟာ နိုင်ငံတကာ ဥပဒေတွေ၊ လိုက်နာရမယ့် အခြေခံသဘောတရားတွေနဲ့အညီ ဆောင်ရွက်တာဖြစ်တယ်လို့ ပြောပါတယ်။

ပြင်ပကမ္ဘာအနေနဲ့ ဒီကိစ္စအပေါ် ပုံကြီးချဲ့ အဓိပ္ပာယ်မဖွင့်ကြပါနဲ့လို့လည်း Liang ကပြောဆိုလိုက်ပါတယ်။