တောင်တရုတ်ပင်လယ်အရေး ဝေဖန်မှု တရုတ် တုံ့ပြန်

Carnaval de São Vicente, Escola dos Salesianos, Fev 2017

တောင်တရုတ်ပင်လယ်အတွင်းက ကျွန်းတွေပိုင်ဆိုင်မှုနဲ့ပတ်သက်လို့ တရုတ်ဘက်က လှုပ်ရှားဆောင်ရွက်မှုတွေကို အမေရိကန်က ပြစ်တင်ဝေဖန် လိုက်တဲ့အပေါ် တရုတ်ဘက်က တခါ ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ပါတယ်။

ဒီကနေ့ တနင်္ဂနွေနေ့ စင်ကာပူနိုင်ငံမှာ ကျင်းပနေတဲ့ ထိပ်သီး လုံခြုံရေးဆွေးနွေးပွဲအတွင်း တရုတ် ရေတပ်ဗိုလ်ချုပ်ကြီး Sun Jianguo က ပင်လယ်ထဲက ကျွန်းတွေကို မြေဖို့ချဲ့ထွင်နေတာဟာ ကျိုးကြောင်းဆီလျော်ပြီး တရားဝင်တယ်၊ နောက် ဒီလုပ်ငန်းတွေဟာ နိုင်ငံတကာကို အကျိုးပြုဖို့ရည်ရွယ်ပြီး လုပ်ဆောင်တာဖြစ်တယ်လို့ ပြောပါတယ်။

တရုတ် ရေတပ်ဗိုလ်ချုပ်ကြီး Sun Jianguo

တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ ဒုတိယကာကွယ်ရေးဦးစီးချုပ်လည်းဖြစ်တဲ့ ရေတပ်ဗိုလ်ချုပ်ကြီး Jianguo က ဒီ တောင်တရုတ် ပင်လယ်ပြင်က ကျွန်းတွေ ပိုင်ဆိုင်မှုနဲ့ပတ်သက်လို့ တရုတ်နိုင်ငံဘက်က ပြောကြားထားတာတွေကို ဘာမှ အပြောင်းအလဲလုပ်မှာ မဟုတ်ဘူးဆိုပြီး တော့လည်း အခိုင်အမာပြောဆိုပါတယ်။ ဒါ့အပြင် ဒီပြဿနာကို ဖြေရှင်းရာမှာလည်း တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းတဲ့ ရလဒ်ထွက်လာဖို့ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ရေတပ်ဗိုလ်ချုပ်ကြီးဟာ တရုတ်နိုင်ငံရဲ့လုပ်ရပ်ပေါ် သံသယရှိနေတဲ့ စစ်ဖက်အရာရှိတွေ၊ သံတမန်တွေ၊ ပညာရှင်တွေ သတင်းထောက်တွေရဲ့ တရစပ် မေးမြန်းမှုကို ကြုံရပေမယ့် ဘာကိုမှ တိတိကျကျ ဖြေကြားသွားတာမျိုးမရှိပါဘူး။ အမေရိကန်ကာကွယ်ရေးဝန်ကြီး Ashton Carter က ဒီကျွန်းတွေ ပိုင်ဆိုင်မှုနဲ့ ပတ်သတ်လို့ သူပိုင်ကိုယ်ပိုင် အငြင်းပွါးမှုတွေရှိနေတဲ့ ကြားမှာပဲ နိုင်ငံတကာ စံသတ်မှတ်မှုတွေကို ကျော်လွန်ပြီး ဆောင်ရွက်လာတဲ့ တရုတ်နိုင်ငံရဲ့ဒီလုပ်ရပ်ကို တဲ့တိုးဝေဖန်ခဲ့ပြီးနောက်တရက်မှာ တရုတ်ရေတပ်ဗိုလ်ချုပ်ကြီးက သူ့နိုင်ငံ ရပ်တည်ချက်နဲ့ ပတ်သတ်ပြီး အခုလို ပြောဆိုခဲ့တာပါ။ တရုတ်နိုင်ငံအနေနဲ့ ရှေ့ဆက်ဘာတွေလုပ်မလဲဆိုတာကလည်း မသေချာသေးကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး Ash Carter က ပြောပါတယ်ခင်ဗျာ။