ကန်ထိန်းချုပ်ထားတဲ့ အာဖဂန် ပိုင်ဆိုင်မှု ပြန်လွှတ်ပေး ဖို့ တရုတ်ထပ်မံတောင်းဆို


အမေရိကန်အနေနဲ့အာဖဂန်နစ္စတန်နိုင်ငံအပေါ်အရေးယူထိန်းချုပ်ထားတဲ့ ဗဟိုဘဏ်နိုင်ငံခြားအရံငွေတွေကိုအမြန်ဆုံးပြန်လွှတ်ပေးဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီက တင်္လာနေ့မှာ အမေရိကန်အစိုးရကိုတိုက်တွန်းလိုက်ပါတယ်။ဒါ့အပြင် တရုတ်အစိုးရအနေနဲ့အာဖဂန်ရဲ့ အခြားအိမ်နီးခြင်းနိုင်ငံတွေ နဲ့ပူးပေါင်းပြီး၊ လူသားချင်းစာနာမှုအထောက်အပံ့တွေကိုအမြန်ဆုံး ပေးပို့ သွား နိုင်ဖို့လုပ်ဆောင်နေတယ်လို့လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုပါတယ်။

အာဖဂန်အနေနဲ့ပရမ်းပတာအခြေအနေကနေ တည်ငြိမ်မှုရတဲ့အခြေ အနေကိုရောက်ဖို့ အသွင်ကူးပြောင်းနေရတဲ့ခက်ခဲ့တဲ့ကာလဖြစ်ပါတယ်။ ဒါကြောင့် ထိန်းချုပ်ထားတဲ့ အာဖဂန်ငွေတွေကိုချက်ခြင်းပြန်ဖွင့်ပေးဖို့တောင်း ဆိုရတာ ဖြစ်တယ်လို့တရုတ် နိုင်ငံခြားရေးဝန်ကြီးဝမ်ရီကသတင်း စာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

အမေရိကန်အစိုးရအနေနဲ့ အာဖဂန်ကို တာဝန်မဲ့စွာထားသွားခဲ့တဲ့အတွက် အာဖကန်ပြည်သူတွေကဆိုးရွားတဲ့လူသားချင်းဆိုင်ရာအကြပ်အတည်းကို ရင်ဆိုရသလို၊ ဒေသတွင်းတည်ငြိမ်မှုကိုထိခိုက်စေတဲ့လုံခြုံရေးဆိုင်ရာပြဿနာတွေကိုလည်းဖြစ်ပေါ်စေခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးကပြော ဆိုပါတယ်။

အမေရိကန်အစိုးရက တာလီဘန်ကိုတရားဝင်အသိအမှတ်ပြုခြင်းမရှိဘဲ၊ လူ့အခွင့်အရေးအခြေအနေတွေကြောင့်အာဖဂန်နစ္စတန်ရဲ့နိုင်ငံခြားအရံငွေ ၉ ဘီလီယံကိုအမေရိကန်နဲ့အနောက်တိုင်းနိုင်ငံတွေကထိန်းချုပ်ထားတာဖြစ်ပါ တယ်။

အမေရိကန်ကထိန်းချုပ်ထားတဲ့ငွေတွေထဲက ၃ ဒဿမ ၅ ဘီလီယံကို ၂၀၀၁ ခုနှစ်ကုန်သွယ်ရေးအဆောက်အဦးတိုက်ခိုက်ခံရစဉ် သေဆုံးဒါဏ် ရာရခဲ့သူတွေရဲ့မိသားစုတွေကိုထောက်ပံ့ပေးဖို့မကြာသေးမီကဘဲ သမတဂျိုး ဘိုင်ဒင်ကသတ်မှတ်ကြေငြာ ခဲ့ပါတယ်။ ကျန်ငွေတွေကိုတော့ အာဖကန် ပြည်သူတွေအတွက်လူသားချင်းစာနာမှုအထောက်အကူအဖြစ်ပေးဖို့ သတ်မှတ်ခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့အောက်တိုဘာလကတည်းကစလို့ အမေရိကန်အစိုးရအနေနဲ့အာဖဂန်ပြည်သူတွေရဲ့လူသားချင်းစာနာမှု အထောက်ကူအတွက်အမေရိ ကန်ဒေါ်လာသန်း ၇၈၀ ကျော်ပေးအပ်ခဲ့ပြီးဖြစ်ပါတယ်။

====================






