တရုတ်ယဉ်ကျေးမှုတော်လှန်ရေး နှစ် ၅၀ ပြည့်

တရုတ်နိုင်ငံရဲ့ ယှဉ်ကျေးမှုတော်လှန်ရေး ဖြစ်ခဲ့တဲ့ Tiananmen ရင်ပြင်

ဒီကနေ့ မေလ ၁၆ ရက်ဟာ တရုတ်နိုင်ငံရဲ့ ယှဉ်ကျေးမှုတော်လှန်ရေး နှစ်ပေါင်း ၅၀ ပြည့်တဲ့နေ့ဖြစ်ပေမယ့် တရုတ်အစိုးရကတော့ ကြီးကြီးကျယ်ကျယ် အထိမ်းအမှတ်ပွဲတွေ ကျင်းပတာမတွေ့ရပါဘူး။

လူ့အသိုင်းအဝိုင်းမှာ တရားမျှတမှု ရရှိဖို့ဆိုပြီး ယဉ်ကျေးမှုတော်လှန်ရေး လုပ်ခဲ့ပေမဲ့ လက်တွေ့မှာတော့ လူမှုရေး၊ စီးပွားရေးကဏ္ဍတွေမှာ ပြဿနာတွေနဲ့သာ ကြုံခဲ့ရတာပါ။ ၁၉၆၆ ခုနှစ် မေလ ၁၆ ရက်နေ့မှာ ဘူဇွာလူတန်းစားလက်ကနေ အလုပ်သမားလူတန်းစားလက်ထဲ အာဏာပြန်ရောက်စေဖို့ တရုတ်ကွန်မြူနှစ်ပါတီ ခေါင်းဆောင် Mao Zedong က ကြေညာခဲ့ပြီးနောက် ပါတီရဲ့ ထိပ်တန်းခေါင်းဆောင်တွေကို အရေးယူ ဖယ်ရှားရာက တော်လှန်ရေးစတင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း Mao ရည်ရွယ်ထားတဲ့အတိုင်း ဖြစ်မလာတဲ့အပြင်၊ အလွန်ရက်စက်တဲ့ အကြမ်းဖက်တာတွေ၊ အစာရေစာ ငတ်မွတ်တာတွေနဲ့ စီးပွားရေးအခက်အခဲတွေပဲ ဖြစ်လာခဲ့ပြီးတော့ ဖိနှိပ်မှုတွေနဲ့ လူပေါင်းသန်းနဲ့ချီပြီးသေဆုံးခဲ့ရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ တရုတ်အစိုးရပိုင် သတင်းစာတွေမှာလည်း ဖော်ပြတာမတွေ့ရတဲ့အပြင် တရုတ်အစိုးရဟာ ဒါကိုလျစ်လှူရှုပြီး မေ့ထားတဲ့ပုံရပါတယ်။

ဒီနှစ်ပတ်လည် အထိမ်းအမှတ်ပွဲအစား တခြားအကြောင်းတွေဖြစ်တဲ့ အမေရိကန်သမ္မတလောင်းဖြစ်ရေး အတွက် ရှေ့ဆုံးကရောက်နေတဲ့ Donald Trump နဲ့ပတ်သက်တဲ့အကြောင်း၊ ဟစ်တလာလိုမျိုးပဲ ဥရောပ သမဂ္ဂဟာ အင်အားရှိတဲ့နိုင်ကြီးတခုဖြစ်အောင်လုပ်ချင်တယ်ဆိုတဲ့ လန်ဒန် မြို့တော်ဝန်ဟောင်း Boris Johnson ရဲ့ ပြောဆိုမှုတွေ အပြင်၊ Pentagon က ထုတ်ပြန်တဲ့ အစီရင်ခံစာအပေါ် တရုတ်အစိုးရ အမျက်ဒေါသထွက်တဲ့အကြောင်းတွေကို ဖော်ပြထားကြတာဖြစ်ပါတယ်။

Your browser doesn’t support HTML5

တရုတ်ယဉ်ကျေးမှုတော်လှန်ရေး နှစ် ၅၀ ပြည့်

Your browser doesn’t support HTML5

လုံခြုံရေးကြောင့် Premeir League နောက်ဆုံးပွဲ ရွှေ့ဆိုင်း