တရုတ်နိုင်ငံနဲ့ အာရပ်စော်ဘွားများပြည်ထောင်စု UAE တို့ကြား အပြန်အလှန် ဆက်ဆံရေးကနေ အလုံးစုံ အကျုံးဝင်တဲ့ မဟာဗျူဟာမြောက်မိတ်ဖက် ဆက်ဆံရေး အဖြစ် တိုးမြှင့်ဖို့ သောကြာနေ့က ဆုံးဖြတ်ခဲ့ကြပါတယ်။
Abu Dhabi မှာရောက်နေတဲ့ တရုတ်သမ္မတ Xi Jinping နဲ့ UAE ဒုသမ္မတလည်း ဖြစ်၊ ဝန်ကြီးချုပ်လည်းဖြစ်တဲ့ Sheikh Mohammed bin Rashid Al Maktoum အိမ်ရှေ့မင်းသား Sheikh Mohammed bin Zayed Al Nahyan တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြအပြီးမှာ ခုလို ၂ နိုင်ငံ ဆက်ဆံရေးမြှင့်တင်ဖို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။
တရုတ်သမ္မတ Xi ဟာ UAE ကို ၂၉ နှစ်အတွင်း ပထမဆုံးလာရောက်တဲ့ တရုတ် နိုင်ငံ အကြီးအကဲတယောက် ဖြစ်ပါတယ်။ ပြည့်စုံကျယ်ပြန့်တဲ့ မဟာဗျူဟာ မြောက် မိတ်ဖက်ဆက်ဆံရေးက အပြန်အလှန် ယုံကြည်ချက် ပိုပြီး ခိုင်မာစေမယ့် အပြင် အပြန်အလှန်အကျိုးရှိမယ့် ပူးပေါင်းဆောင်ရွက်မှုအဆင့်ကို တိုးစေလိမ့်မယ် လို့ တရုတ် သမ္မတက ပြောပါတယ်။
UAE အိမ်ရှေ့မင်းသားက ဟိုးအရင်က ပိုးလမ်းမကြီးကို ပြန်ပြီးအသက်သွင်းလိုတဲ့ ဆန္ဒအမြင်ရှိနေချိန်မှာ တရုတ်ရဲ့ ခေတ်သစ်ပိုးလမ်းမကြီးစီမံကိန်း အကောင် အထည် ဖော်ရေးအတွက် UAE ဟာ အရေးပါတဲ့ နိုင်ငံ တခုအဖြစ် တရုတ်က သဘောထားပါတယ်။ တရုတ်နဲ့ UAE ကြား ဆက်ဆံရေး တိုးမြှင့်တဲ့အတွက် ၂ နိုင်ငံ ပြည်သူတွေအတွက် ပိုမိုကောင်းမွန်တဲ့အကျိုးတွေဖြစ်ထွန်းစေမယ်လို့ UAE အိမ်ရှေ့မင်းသားက တရုတ် သမ္မတ နဲ့ တေ့ွဆုံစဉ်ပြောကြားခဲ့တယ်လို့ CCTV ကသတင်းဖော်ပြပါတယ်။
UAE ဒုသမ္မတကလည်း တရုတ်သမ္မတရဲ့ ခရီးစဉ်ကနေ ပူးပေါင်းဆောင်ရွက်မှု အဆင့်သစ်ကိုရောက်မယ်လို့ ယုံကြည်ကြောင်းနဲ့ တရုတ်ရဲ့ ခေတ်သစ်ပိုးလမ်းမ ကြီး စီမံကိန်းမှာ တက်တက်ကြွကြွ ဆက်ပြီး ပါဝင်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။
Your browser doesn’t support HTML5
တရုတ်-UAE ဆက်ဆံရေး မဟာဗျူဟာအဆင့်သို့မြှင့်