တရုတ်သမ္မတ ကမ္ဘာပေါ်မှာ သြဇာအကြီးဆုံး

တရုတ်သမ္မတ ကမ္ဘာပေါ်မှာ သြဇာအကြီးဆုံး

ကမ္ဘာ့ သြဇာအရှိဆုံးပုဂ္ဂိုလ် နေရာမှာ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) အစား တရုတ်သမ္မတ ဟူကျင်တောင်း (Hu Jintao) က နေရာယူလိုက်ပြီလို့ အမေရိကန် စီးပွားရေး မဂ္ဂဇင်းတစောင်က ဖော်ပြလိုက်ပါတယ်။

မနှစ်က အမေရိကန်ခေါင်းဆောင် နောက်မှာ ဒုတိယနေရာ ရခဲ့တဲ့ မစ္စတာဟူဟာ ကမ္ဘာပေါ်က နိုင်ငံရေး ခေါင်းဆောင်တွေထဲမှာ သြဇာအရှိဆုံး ခေါင်းဆောင် ဖြစ်တယ်လို့ Forbes မဂ္ဂဇင်းက ကြာသပတေးနေ့က ကြေညာလိုက်တာ ဖြစ်ပါတယ်။

ကမ္ဘာ့လူဦးရေရဲ့ စုစုပေါင်း ငါးပုံတပုံလောက်ရှိတဲ့ သန်းပေါင်း ၁.၃ ဘီလီယံရှိတဲ့ ပြည်သူတွေကို အာဏာရှင် တယောက်လို ချုပ်ကိုင်ပြီး အုပ်ချုပ်နေသူ ဖြစ်တယ်လို့လည်း မဂ္ဂဇင်းက ဖော်ပြထားပါတယ်။

အင်္ဂါနေ့က ကျင်းပခဲ့တဲ့ အမေရိကန်လွှတ်တော် ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်ပါတီက အောက်လွှတ်တော်ကို လွှမ်းမိုး အနိုင်ရပြီးနောက် အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားရဲ့ ကံကြမ္မာ ကျဆင်းစ ပြုလာတယ်လို့လည်း ဆိုကြပါတယ်။