တရုတ်အစိုးရဟာ အမေရိကန် အစိုးရနဲ့ လူ့အခွင့်အရေး ဆွေးနွေးပွဲတွေ ပြန်စတင်မယ်လို့ တရုတ်အစိုးရ သတင်းဌာနက ပြောပါတယ်။ တရုတ်နဲ့ အမေရိကန်ဟာ စီးပွားရေးနဲ့ မူဝါဒရေးရာ ဆွေးနွေးပွဲတွေ မကြာခဏပြုလုပ်သလိုပဲ ဒီလို လူ့အခွင့်အရေး ဆွေးနွေးပွဲတွေကိုလည်း ပုံမှန်လို ကျင်းပလာတာပါ။ ဒါပေမဲ့ လူ့အခွင့်အရေးနဲ့ ပတ်သတ်ပြီး ဝိဝါဒ ကွဲပြားမှုတွေကိုတော့ သိသိသာသာ မလျှော့ချနိုင်သေးပါဘူး။
ဧပြီလက ဆွေးနွေးပွဲတွေ ကျင်းပပြီးတဲ့နောက်မှာတော့ ဒီအစည်းအဝေးတွေမှာ လေးလေးစားစား ဆွေးနွေးကြပေမဲ့ ရေရာတဲ့ရလဒ်တော့ မရဘူးလို့ အမေရိကန် အထူးကိုယ်စားလှယ်က ပြောပါတယ်။ အခုတခေါက် ဆွေးနွေးပွဲကို ဝါရှင်တန် မြို့တော်မှာ တနင်္လာနေ့မှာ စတင်မယ်လို့ Xinhua သတင်းဌာနက သောကြာနေ့ကပဲ ကြေညာသွားပါတယ်။
တရုတ်အစိုးရက သူ့နိုင်ငံသား သန်း ၁,၃၀၀ ရဲ့ လူနေမှု အဆင့်အတန်းကို အခြေခံပြီးတော့ပဲ လူ့အခွင့်အရေး ဆိုတာကို အဓိက သတ်မှတ်တာဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာက လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ခွင့်နဲ့ နိုင်ငံရေးနဲ့ ပတ်သတ်တဲ့ လှုပ်ရှားမှုတွေကို တရုတ်အစိုးရက တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတာပါ။ ဒါတွေကိုက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်တယ်လို့ အမေရိကန်အစိုးရက ရှုမြင်တာဖြစ်ပါတယ်။