တရုတ် ငွေကြေးတန်ဖိုး မြှင့်ဖို့ ဥရောပ တောင်းဆို

A child (L) watches a partial solar eclipse with a woman at the Sydney Observatory. Star-gazers were treated to an annular solar eclipse in remote areas of Australia with the moon crossing in front of the Sun and blotting out much of its light.

တရုတ်နိုင်ငံ အနေနဲ့ ယွမ်ငွေတန်ဖိုး ထိန်းချုပ်မထားဖို့အတွက် ယူရိုငွေ သုံးစွဲတဲ့ ၁၆ နိုင်ငံက တရုတ်နိုင်ငံကို တိုက်တွန်းပါတယ်။ တရုတ်နိုင်ငံ အနေနဲ့ ယွမ်ငွေတန်ဖိုးကို တမင် ချထားတာဟာ ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးမှုကို အနှောင့်အယှက် ဖြစ်တယ်လို့ ဆိုပါတယ်။

တရုတ်ငွေကြေးတန်ဖိုး မြင့်တက်လာခြင်းအားဖြင့် တရုတ်နိုင်ငံကိုရော ကမ္ဘာ့စီးပွားရေးကိုပါ အကျိုးဖြစ်ထွန်းစေလိမ့်မယ်လို့ ၁၆ နိုင်ငံအဖွဲ့ ကိုယ်စား ပြောခွင့်ရတဲ့ လူဇင်ဘတ် ဝန်ကြီးချုပ် ဂျွန်ကလု ဂျန်ကာ (Jean Claude Juncker) က အင်္ဂါနေ့မှာ ပြောပါတယ်။

ဘယ်လ်ဂျီယံနိုင်ငံမှာ နှစ်ရက်ကြာ ကျင်းပနေတဲ့ ဥရောပ၊ အာရှ ထိပ်သီးဆွေးနွေးပွဲ အတွင်းမှာ တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင် (Wen Jiabao) နဲ့ တွေ့ဆုံပြီး မစ္စတာ ဂျန်ကာက သတင်းထောက်တွေကို ပြောခဲ့တာ ဖြစ်ပါတယ်။

အဲဒီအစည်းအဝေးမှာ EU ဥရောပသမဂ္ဂရဲ့ ငွေကြေးဆိုင်ရာ ကော်မရှင်မင်းကြီး အွိုင်လ်ရန်း (Olli Rehn) နဲ့အတူ ဥရောပ ဗဟိုဘဏ်ဥက္ကဋ္ဌ ဂျွန်ကလု တိုက်ကက်ခ် (Jean Claude Trichet) တို့လည်း တက်ရောက်ပါတယ်။

တရုတ်နိုင်ငံ အနေနဲ့ ယွမ်ငွေ လဲလှယ်နှုန်းထားကို ပိုပြီး ပျော့ပျော့ပြောင်းပြောင်း ကိုင်တွယ်ဖို့ ဇွန်လအတွင်းက ဆုံးဖြတ်ခဲ့တာ ရှိပေမဲ့လည်း ငွေကြေး မူဝါဒဆိုင်ရာ ထိန်းချုပ်မှုကို ဒီ့ထက်ပိုပြီး ဆောင်ရွက်သင့်တယ်လို့ မစ္စတာ ဂျန်ကာက ပြောပါတယ်။

ယွမ်ငွေတန်ဖိုးကို ချထားခြင်းအားဖြင့် တရုတ်နိုင်ငံကို တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေ ဈေးနှုန်းကျပြီး တရုတ်ထွက်ကုန် ပစ္စည်းတွေဟာ ပိုပြီး ဈေးတက်ကုန်တယ်လို့ အမေရိကန် ပြည်ထောင်စုနဲ့ ဥရောပ နိုင်ငံတွေက ပြောပါတယ်။