အဓိကမဟာဗျူဟာမိတ်ဖက်လို့ ရုရှားကို တရုတ်ညွှန်းဆို

တရုတ်နိုင်ငံခြားရေးဝ်ကြီး ဝမ်ယီ 

[[Zawgyi/Unicode]]

ရုရှားဟာ တရုတ်ရဲ့ အရေးအကြီးဆုံး မဟာဗျူဟာ လုပ်ဖော်ကိုင်ဖက်ဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။ ယူကရိန်းကို ကျူးကျော်ဝင်ရောက်မှုနဲ့ပတ်သက်ပြီး တရုတ်ကရှုတ်ချဖို့ တလျှောက်လုံးငြင်းဆိုခဲ့တာပါ။

တရုတ်နဲ့ရုရှးရဲ့ဆက်ဆံရေးဟာ ကမ္ဘာမှာ အရေးကြီးဆုံး နှစ်နိုင်ငံဆက်ဆံရေးတွေ ထဲက တခုဖြစ်တယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဝမ်ယီက တနင်္လာနေ့မှာ ပြောကြားလိုက်တာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့လွှတ်တော်နှစ်ပတ်လည် အစည်းအဝေး အခမ်းအနားမှာ သတင်းထောက်တွေကို တရုတ်နိုင်ငံခြားရေးဝန်ကြီးက သီးခြား တွေ့ဆုံ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

နှစ်နိုင်ငံဟာ မဟာဗျူဟာကျတဲ့ အာရုံစိုက်စရာတွေကို ဆက်လက် စူးစိုက်ထားကြမှာ ဖြစ်ပြီး ခေတ်သစ် တရုတ်-ရုရှား မိတ်ဘက် ဖွံ့ဖြိုးတိုးတက်မှုကို နယ်ပယ်စုံမှာ တိုးမြှင့် ဆောင်ရွက်မှာဖြစ်တယ်လို့ သူက ဆိုပါတယ်။

ရုရှားအပေါ် ကုန်သွယ်ရေးနဲ့ ငွေကြေးဆိုင်ရာ အရေးယူပိတ်ဆို့တာတွေကို တရုတ် က လက်မခံဘဲ ယူကရိန်းပဋိပက္ခမှာ အမေရိကန်ကိုပဲ အပြစ်တင်ရမယ်လို့ ဆိုပါတယ်။

ပိတ်ဆို့အရေးယူတာဟာ ပြဿနာအသစ်တွေ ထပ်တက်စေပြီး ပဋိပက္ခကို နိုင်ငံရေးအရ အဖြေရှာမရအောင် ခြိမ်းခြောက်ရာရောက်တယ်လို့ တရုတ်က မြင်ပါတယ်။ စနေနေ့က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်နဲ့ ဖုန်းကနေတဆင့် စကားပြောကြရာမှာ ခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

အဓိကမဟာဗျူဟာမိတ်ဖက်လို့ ရုရှားကို တရုတ်ညွှန်းဆို

===========

[[Unicode]]








===========