တရုတ်သမ္မတ ဗီယက်နမ် နိုင်ငံ သွားရောက် လည်ပတ်

တရုတ်သမ္မတ Xi Jinping နဲ့ ဗီယက်နမ်ဝန်ကြီးချုပ် Nguyen Tan Dung တွေ့ဆုံ။ (နိုဝင်ဘာ ၅၊ ၂၀၁၅)

တရုတ်သမ္မတ ရှီကျင့်ပင်ဟာ ဒီကနေ့ ဗီယက်နမ်နိုင်ငံမှာ ရောက်နေပါတယ်။ တောင်တရုတ်ပင်လယ်မှာ နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားတာတွေကြောင့် ပြီးခဲ့တဲ့နှစ်က နှစ်နိုင်ငံအကြား ဆက်ဆံရေး အဆင်မဖြေ ဖြစ်နေခဲ့ပြီးတဲ့နောက် ပြန်အားကောင်းလာဖို့ ကြိုးစာချက်တရပ်အနေနဲ့ တရုတ်သမ္မတ သွားတာပါ။

နှစ်ရက်ကြာခရီးစဉ်ရဲ့ ပထမနေ့မှာ သမ္မတရှီကို ဗီယက်နမ်က အခမ်းအနားနဲ့ ဂုဏ်ပြုကြိုဆိုပါတယ်။ ဒါပေမဲ့ ဟိုချီမင်းမြို့တော် နေရာတချို့မှာတော့ တရုတ်သမ္မတရဲ့ ဗီယက်နမ် ခရီးစဉ်အပေါ် ကန့်ကွက်ဆန္ဒပြတာတွေရှိပါတယ်။ ဆန္ဒပြသူတွေကို အလျင်အမြန်ပဲ လူစုခွဲပြီး ကားတွေပေါ် တင်ခေါ်သွားတယ်လို့ မျက်မြင်တွေကပြောပါတယ်။

တောင်တရုတ်ပင်လယ်ထဲ ဗီယက်နမ်က ပိုင်ဆိုင်တယ်လို့ ကြေညာ ထားတဲ့ ရေပြင်မှာ တရုတ်ဘက်က ရေနံတူးစင်ကြီးတခု သွား ဆောက် တာကြောင့် နှစ်နိုင်ငံအကြား ဆက်ဆံရေးဟာ ပြီးခဲ့တဲ့နှစ်က သမိုင်းတင်လောက်အောင် အနိမ့်ဆုံးအဆင့် ရောက်သွား တာပါ။ တရုတ်ရဲ့ အဲဒီလုပ်ရပ်ကြောင့် ဗီယက်နမ်မှာ တရုတ်ဆန့်ကျင်ရေး အဓိကရုဏ်းတွေ လူသေတဲ့ထိ ဖြစ်ခဲ့ပါတယ်။

သမ္မတရှီဟာ အခုခရီးစဉ်အတွင်း ဗီယက်နမ်သမ္မတ Truong Tan Sang, အာဏာရ ကွန်မြူနစ်ပါတီအကြီးအကဲ၊ ဝန်ကြီးချုပ်တို့နဲ့ တွေ့ဆုံဖို့ ရှိပါတယ်။ သောကြာနေ့ မှာတော့ ဗီယက်နမ် အမျိုးသားလွှတ်တော်မှာ သမ္မတရှီ မိန့်ခွန်းပြောပါမယ်။