နိုဘယ်လ် စာပေဆု တရုတ်စာရေးဆရာရရှိ

တရုတ်ခေတ်သစ်စာရေးဆရာ Mo Yan

ဒီနှစ် နိုဘယ်လ် စာပေဆုကို တရုတ် စာရေးဆရာ Mo Yan ရရှိသွားပါတယ်။ ဂုဏ်သတင်းကြီးလှတဲ့ ဒီနိုဘဲလ် ဆုကို မိုယန် ရလိုက်တဲ့အကြောင်းကို တော်ဝင် ဆွီဒင် အကယ်ဒမီ အဖွဲ့က ဒီကနေ့ပဲ ကြေညာသွားတာပါ။ သူ့ရဲ့ ရိုးရာပုံပြင်၊ သမိုင်းစာပေနဲ့ ခေတ်သစ်စာပေ အရေးအသားတွေ က လူတွေကို တွေးခေါ်မှု ပုံစံ အမျိုးမျိုး ပေးခဲ့တာကြောင် အခုလို ဒီဆုကို မိုယန် ရရှိသွားတာပါ။ တရုတ်နိုင်ငံရဲ့ ခေတ်သစ်စာရေး ဆရာတွေထဲမှာ သူဟာ ထင်ရှားသူတဦး ဖြစ်ပါတယ်။

နိုဘယ်လ်ဆုတွေကို တနင်္လာနေ့က စပြီး ကြေညာခဲ့တာမှာ ဒီနှစ်အတွက် ဓာတုဗေဒပညာ နိုဘယ်လ်ဆုကို အမေရိကန်နိုင်ငံသားတွေ ဖြစ်ကြတဲ့ ရောဘတ်လက်ဖ်ကိုဝဇ် (Robert Lefkowitz) နဲ့ ဘရိုင်ယန်ကိုဖီကာ (Brian Kobilka)၊ Robert Lefkowitz နဲ့ Brian Kobilka တို့ ရရှိခဲ့တာပါ။

ဆေးပညာ ဆိုင်ရာ နိုဘယ်လ်ဆုတွေကို ဗြိတိန်နိုင်ငံသား John Gurdon နဲ့ ဂျပန်နိုင်ငံက Shinya Yamanaka တို့ ရရှိခဲ့ကြတာပါ။

ရူပဗေဒပညာ နိုဘယ်လ်ဆုကိုတော့ ပြင်သစ်နိုင်ငံသား Serge Haroche နဲ့ အမေရိကန်နိုင်ငံသား David Wineland တို့ ရခဲ့တာပါ။ ဒီနှစ် နိုဘယ်လ် ငြိမ်းချမ်းရေးဆု ဘယ်သူရမလဲ ဆိုတာကတော့ သောကြာနေ့ကျမှ သိရမှာဖြစ်ပါတယ်။