မောင်တောဒေသ အရပ်သားထိခိုက်မှု အစိုးရ ထုတ်ပြန်

Police forces prepare to patrol in Maungdaw township at Rakhine state, northeast Myanmar

ရခိုင်ပြည်နယ်အတွင်းမှာ ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကနေစပြီး ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့အထိ ဖြစ်ပွားနေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၁၃ ဦးသေဆုံးခဲ့ပြီး ၂ ဦးဒဏ်ရာရခဲ့သလို ၅ ဦးပျောက်ဆုံးနေဆဲဖြစ်တယ်လို့ မြန်မာနိုင်ငံရဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းနဲ့ ပြန်ကြားရေးက စနေနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ ရက်နေ့က ရခိုင်ပြည်နယ် မောင်တော ဒေသအတွင်းမှာရှိတဲ့ နယ်စပ်လုံခြုံရေးစခန်းတွေကို လက်နက်ကိုင်အဖွဲ့တွေဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ လုံခြုံရေးရ ၉ ဦးနဲ့ စစ်သား ၅ ဦးသေဆုံးခဲ့ရပြီး အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အောက်တိုဘာလ ၁၀ ရက်နေ့ကနေစပြီး ဒေသတွင်းမှာ ကာဖြူအမိန့်ထုတ်ပြန်ခဲ့ရပါတယ်။

အကြမ်းဖက်မှုတွေဖြစ်ပွားပြီးတဲ့နောက် ဒုသမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ အဖွဲ့ဝင် ၁၃ ဦးပါ စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ တဖွဲ့ကို အစိုးရ ဖွဲ့စည်းခဲ့ပါတယ်။

ဒါပေမယ့်လည်း လူ့အခွင့်အရေးချိုးဖောက်မှုအသစ်တွေရှိလာတယ်ဆိုပြီးတော့ စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့က လေ့လာတွေ့ရှိချက်အရ တင်ပြမယ့် အစီရင်ခံစာကို ထုတ်ပြန်ဖို့ ရက်ရွှေ့ဆိုင်းခဲ့ပါတယ်။

Your browser doesn’t support HTML5

မောင်တောဒေသ အရပ်သားထိခိုက်မှု အစိုးရ ထုတ်ပြန်