၀န်ကြီးကလင်တန် အာရှ (၃) နိုင်ငံခရီး ဒီကနေ့စတင်

Secretary of State Hillary Rodham Clinton

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလရီကလင်တန်ရဲ့ အာရှသုံးနိုင်ငံခရီးစဉ်ကို ဒီကနေ့ ကြာသပတေးနေ့မှာ စတင်ပါလိမ့်မယ်။ ဂျပန်၊ တရုတ်နဲ့ တောင်ကိုရီးယားနိုင်ငံတွေကို သွာမှာပါ။

ပထမဆုံး ဂျပန်နိုင်ငံအရင်ဝင်တဲ့အခါ ဂျပန်ဝန်ကြီးချုပ် ယူကီအို ဟတိုးယာမနဲ့ နိုင်ငံခြားရေးဝန်ကြီး အိုကာဒါတို့နဲ့ ဝန်ကြီးကလင်တန်တွေ့ဆုံမှာပါ။ အခုခရီးစဉ်အတွင်း တောင်နဲ့မြောက်ကိုရီးယားနှစ်နိုင်ငံ တင်းမာမှုတွေနဲ့ အီရန်ရဲ့နျူကလီးယား အစီအစဉ် ဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးသွားဖို့များတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

တရုတ်နိုင်ငံ ရောက်တဲ့အခါမှာလည်း ရှန်ဟိုင်းမြို့မှာကျင်းပနေတဲ့ ကမ္ဘာ့ကုန်စည်ပြပွဲကို ဝန်ကြီးကလင်တန်သွားဦးမှာပါ။ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးလည်း တရုတ်ပြည်ခရီးစဉ်မှာ ပါဝင်မှာပါ။ တရုတ်နဲ့အမေရိကန်နှစ်နုင်ငံကုန်သွယ်ရေးကိစ္စတွေမှာရှိနေတဲ့ တရုတ် ငွေကြေးတန်ဘိုးဆိုင်ရာ ပြဿနာတွေကို ဆွေးနွေးကြပါလိမ့်မယ်။