ဘန်ဂါဇီမှာ ကန်သံရုံးအတိုက်ခံရမှု ဝန်ကြီးကလင်တန် ထွက်ဆို

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ၁၁ ရက်နေ့က လစ်ဗျားနိုင်ငံ၊ ဘန်ဂါဇီမြို့မှာရှိတဲ့ အမေရိကန် ကောင်စစ်ဝန်ခြံဝန်း တိုက်ခိုက်မှု ဖြစ်ပွားချိန်မှာ လိုအပ်တဲ့လုံခြုံမှု မဆောင်ရွက်နိုင်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ဟာ အထက်လွှတ်တော်ရဲ့ နိုင်ငံခြားရေးရာကော်မီတီ၊ စုံစမ်းစစ်ဆေးရေး ကော်မီတီရဲ့ ရှေ့မှောက်မှာ ထွက်ဆိုချက် ပေးနေပါတယ်။

အဲဒီ လစ်ဗျားနိုင်ငံအတွင်းမှာ တိုက်ခိုက်ခံရမှုအတွင်း အမေရိကန်သံအမတ်ကြီးနဲ့ တခြား အမေရိကန်နိုင်ငံသား၊ အမှုထမ်းသုံးယောက် သေဆုံးခဲ့ရတာပါ။ လစ်ဗျားနိုင်ငံ၊ သံရုံးဝန်း အတိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီးတော့ သူ့အနေနဲ့ အပြည့်အဝ တာဝန်ယူပါကြောင်း ဝန်ကြီးကလင်တန်က ထပ်မံ ပြောဆိုလိုက်ပါတယ်။