စစ်အေးကာလ အမှတ် ၂ ရေတပ် ကန် ပြန်လည်ဖွဲ့စည်း

FILE - U.S. destroyer USS Benfold (L) and U.S. destroyer USS Mustin (R) are seen in this combination photo from in Pacific Ocean, June 15, 2018 and February 19, 2018 respectively.

FILE - U.S. destroyer USS Benfold (L) and U.S. destroyer USS Mustin (R) are seen in this combination photo from in Pacific Ocean, June 15, 2018 and February 19, 2018 respectively.

အမေရိကန်ရေတပ်ရဲ့ အမှတ် ၂ ရေတပ်ဖွဲ့ကို တရားဝင် ပြန်လည်ဖွဲ့စည်းလိုက်ပြီဖြစ်ပြီး မြောက် အတ္တလန်တိတ်သမုဒ္ဒရာကို အာရုံစိုက်ပြီးတော့ အရှိန်တိုးမြှင့် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ မြောက်အတ္တလန်တိတ် သမုဒ္ဒရာဟာ စစ်အေးကာလ အဆုံးသတ် သွားပြီးကတည်းက မတွေ့ရသေးတဲ့နှုန်းနဲ့ ရုရှားစစ်ဘက် လှုပ်ရှားနေတဲ့နေရာဖြစ်ပါတယ်။

အခုအပြောင်းအလဲကတော့ အများအားဖြင့် ဖွဲ့စည်းမှုပုံစံ အပြောင်းအလဲပါပဲ။ အမေရိကန် အရှေ့ဘက်ကမ်းရိုးတန်းနဲ့ နော်ဝေနဲ့ ရုရှားကမ်းလွန် Barents ပင်လယ်ပြင်မှာ လွှတ်ထားတဲ့ အမေရိကန်စစ်သင်္ဘောတွေကို ကြီးကြပ်ဖို့အတွက် ရေတပ်ဗိုလ်ချုပ်ကြီး အဆင့် ကွပ်ကဲမှုဌာနချုပ်ကို ပြန်ဖွဲ့စည်းတဲ့သဘောပါ။

မူလ အမှတ် ၂ ရေတပ်ဖွဲ့ကို အဲဒီအချိန် ဆိုဗီယက်ပြည်ထောင်စုရဲ့ ခြိမ်းခြောက်မှု တိုးလာတဲ့အပေါ် တုံ့ပြန်တဲ့အနေနဲ့ ၁၉၅၀ ပြည့်နှစ်က ဖွဲ့စည်းခဲ့ပါတယ်။ ၁၉၆၂ ခုနှစ် ကျူးဘားဒုံးကျည်အရေးအခင်းလို ဖြစ်ရပ်မျိုးတွေမှာ ဒီရေတပ်ဖွဲ့ဟာ အဓိကအခန်း ကဏ္ဍကနေ ပါဝင်ဖူးပါတယ်။ ၂၀၁၁ ခုနှစ်မှာတော့ ကုန်ကျစရိတ်ချွေတာဖို့အတွက် အမှတ် ၂ ရေတပ်ကိုဖျက်သိမ်းပြီး ရေတပ်ဖွဲ့ များ ကွပ်ကွဲမှု စစ်ဌာနချုပ်နဲ့ ပေါင်းလိုက်တာပါ။

အမှတ် ၂ ရေတပ်ကို သောကြာနေ့မှာ တရားဝင် ပြန်ဖွဲ့စည်းလိုက်တာဟာ အမေရိကန် စစ်ဘက် မဟာဗျူဟာမှာ ကျယ်ပြန်တဲ့ အပြောင်းအလဲတခုဖြစ်လာတာကိုလည်း ထင်ဟပ်နေပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ အဓိကစိုးရိမ်ချက်ဟာ အကြမ်းဖက်ဝါဒ နှိမ်နင်းရေးနဲ့ အရှေ့အလယ်ပိုင်း အရေးကနေ ရုရှား၊ တရုတ် တို့နဲ့ အမေရိကန်ကြားပြိုင်ဆိုင်မှု ပိုတိုးလာတဲ့အပေါ် ပြောင်းလဲလာနေ တယ်ဆိုတာကို ပြတဲ့သဘောပါပဲ။

ရေတပ်စစ်ဆင်ရေးများအကြီးအကဲ ရေတပ်ဗိုလ်ချုပ်ကြီး John Rihcardson က “စစ်ပွဲတပွဲအတွက် ကျနော်တို့လုပ်နေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ စစ်ပွဲတပွဲကိုရှောင်ရှားဖို့ အကောင်းဆုံးနည်းလမ်းက ဖြစ်နိုင်သမျှ အားအကောင်းဆုံး၊ တိုက်ခိုက်မှု အပြင်း ထန်ဆုံး၊ ယှဉ်ပြိုင်စွမ်းအမြင့်ဆုံး ရေတပ်တခု တည်ဆောက်တာပဲဖြစ်ပါတယ်” လို့ ဗာဂျီးနီးယားပြည်နယ်၊ Norfork မြို့ ရေတပ် ခစန်းမှာ ဆိုက်ကပ်ထားတဲ့ USS George H. W. Bush လေယာဉ်တင်သင်္ဘောပေါ်မှာ ပြောသွားပါတယ်။

Your browser doesn’t support HTML5

စစ်အေးကာလ အမှတ် ၂ ရေတပ် ကန် ပြန်လည်ဖွဲ့စည်း