နည်းပညာခေတ်ကြီးအတွင်း ကွန်ပြူတာ အင်တာနက်စစ်ပွဲတွေထဲမှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ တွေလည်း ပါဝင်ဆင်နွဲခဲ့တာပါ။
ဒီတပါတ်တော့ Cyber War လို့ခေါ်တဲ့ အင်တာနက် စစ်ပွဲတွေ အတွက် ခုခံကာကွယ်နိုင်ရေးနဲ့ လုံခြုံရေးအကြောင်းတွေကို စင်္ကာပူအမျိုသား ကွန်ပြူတာဌာနက အကြီးတန်းအကြံပေး ဦးဥက္ကာကြူဖေကို မေးမြန်းပြီးတင်ပြပေးမှာပါ။
နည်းပညာ ခေတ်ကြီးမှာ နောက်ဆုံးကြုံတွေ့နေရတဲ့ ကွန်ပြူတာ အင်တာနက်စစ်ပွဲတွေထဲမှာ မြန်မာအဖွဲ့နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံက အဖွဲ့တွေလည်း ပါဝင်ဆင်နွဲခဲ့တာပါ။ ဘယ်လိုစပြီးဆင်နွဲခဲ့တယ်ဆိုတာကိုတော့ ဦးဥက္ကာက ရှင်းပြပါတယ်။
"ဘယ်လိုဖြစ်လဲဆိုတော့ ဒီ ရခိုင်အရေးမှာ လူမျိုးရေး ဘာသာရေးတွေ ပါလာတဲ့ အခါမှာ သူတို့က ဘယ်သူမှားတယ် မှန်တယ် ဆိုပြီးဖြစ်လာတဲ့ အခါမှာ ဒီဘင်္ဂလားဒက်ရှ် ဘက်က လူတွေက ဘင်္ဂလားဒက်ရှ် အစိုးရက ဒီအတွက်ကို သူတို့ ဘာမှ စွက်ဖက်တာ မရှိဘူး။ သူတို့ဟာသူတို့နေတယ်ပေါ့။ အဲဒီအချိန်မှာ ဒီလူမျိုးရေးတွေ ပါလာတဲ့ အခါမှာ ဒီဗမာဘက်ကနေပြီးတော့မှ တကမ္ဘာလုံး သိသွားအောင်လို့ ဆိုပြီးသူတို့က ဘင်္ဂလားဒက်ရှ် ဝက်ဘ်ဆိုက်တွေကို သွားပြီး ဒီ BHG အဖွဲ့ကနေ သတင်းအချက်အလက်တွေ သွားပြီးတော့ ရေးတယ်။
ဥပမာ အားဖြင့် ဘင်္ဂလားဒက်ရှ်ရဲ့ ဝက်ဘ်ဆိုက်ထဲမှာ ဒီဟာတွေ မှားနေတယ်၊ ထိုင်ကြည့်နေမှာလား ဆိုတဲ့ သဘောမျိုးနဲ့ သူကမှတ်ချက် သွားရေးတယ် နောက်ပြီးတော့မှ အောက်မှာ ဘယ် group ကနေပြီးတော့ hack လုပ်ပြီးတော့ ထားသွားပါတယ် ဆိုပြီး massage ထားခဲ့တယ်။ အဲဒီအချိန်မှာ သူတို့ရဲ့ ဘင်္ဂလားဒက်ရှ်မှာ တော့ ဖွဲ့စည်းထားတဲ့ အဖွဲ့တွေ ရှိတယ်။ ဘင်္ဂလားဒက်ရှ် ဆိုင်ဘာ အာမီ Bangladesh Cyber Army လို့ ခေါ်တယ် BCA ပေါ့၊ အစိုးရအနေ ဖြင့်သော်လည်းကောင်း၊ သူတို့ဟာသူတို့ သက်သက်အနေနဲ့ သော်လည်းကောင်း ဖွဲ့စည်း ထားတဲ့ BCA ကမြင်ပြီးတော့မှာ ဒီဟာက ဗမာက တိုက်သွားတာ ဆိုပြီး ဗမာ ဝက်ဘ်ဆိုက်တွေကို ပြန်ပြီးတော့ တိုက်တယ်။
တိုက်တဲ့အခါမှာ ဘယ်လိုဖြစ်လဲဆိုတော့ ကြည့်လိုက်ရင်တော့ ဗမာဝက်ဘ်ဆိုက်တွေအများအပြား အတုံးအရုံးကျ သွားတယ်လို့ ခံစားရ တယ်။ ဘာလို့လဲဆိုတော့ ဗမာဝက်ဘ်ဆိုက်တွေက တကယ်ဆိုရင် live မဖြစ်ဘူး။ ဥပမာအားဖြင့် MFTB ဝက်ဘ်ဆိုက်ကို ဝင်ကြည့်မယ်ဆို လွန်ခဲ့တဲ့ ငါးနှစ်ကကြည့်လဲ ဒီ အချက်အလက် (အင်ဖေါ်မေးရှင်း)ပဲ၊ အခုကြည့်လည်း ဒီ အင်ဖေါ်မေးရှင်းပဲ။ အဲတော့ သူတို့ဆီမှာ ဘာမှ လုံခြုံရေးလဲ မရှိဘူး။ အဲဒါမျိုး အခြေနေမှာ ဒီ ဘင်္ဂလားဒက်ရှ်ဘက်က လာပြီးတော့ ဝင်တိုက်သွားတယ်။ အဲဒီအချိန်မှာမှ တခါ BHG က တခါဝင်ပြီးတော့ ဗမာအဖွဲ့ကနေပြီးတော့ အဲဒီလိုတိုက်ရပါ့မလားဆိုပြီးတော့ သူတို့ဆီ ပြန်တိုက်တဲ့ အခါမှာ ဘင်္ဂလားဒက်ရှ်ဘက်က ဆိုက်စုစုပေါင်း ၂၀၀ကျော်လောက် ပါသွားတယ်။ နောက်ဆုံးမှာတော့ ဘင်္ဂလားဒက်ရှ် ဘက်က ရပ်လိုက်တယ် သူတို့ ဆက်မလုပ်တော့ဘူး။ ဘာလို့လဲ ဆိုတော့ သူတို့မှာ အကျအဆုံးတွေ သိပ်များသွားတဲ့ အတွက်။ ဒီဟာကို ဆက်မလုပ်တော့ တဲ့အခါ BHG ကလည်း ဘာမှ ဆက်မလုပ်ပဲ ဒီဆိုင်ဘာစစ်ပွဲကလည်း အေးသွားတယ်”
အစိုးရဝက်ဘ်ဆိုက်တွေ အတော်များများကလည်း သေနေတတ်တာများတယ်။ (Information) အချက်အလက်လိုချင်လို့ ဖွင့်ကြည့်လိုက်လို့ ရှိရင် အသစ်တက်နေတာ မတွေ့ရဘူး။
“ဟုတ်ကဲ့ခင်ဗျ။ မြန်မာပြည်မှာ ရှိတဲ့ ဒီ ဝက်ဘ်ဆိုက်တွေ အတော်များများက ဒီ e-government လို့ခေါ်တဲ့ ခေတ်မှီ အစိုးရပုံစံသွားတာ နဲသေးတယ်ခင်ဗျ။ များသောအားဖြင့်က (Information) အချက်အလက် သက်သက် လုပ်ပေးထားတာ များတယ်။ ဒီ (Information) အချက်အလက်တွေဆိုရင်လည်း မှန်တာပြောရရင် အချိန်နဲ့ အလိုက်တင်တာမျိုး up to date မဖြစ်တာအများကြီးပဲ။ ဥပမာ ကျွန်တော် စောစောကပြောတဲ့ လွန်ခဲ့တဲ့ ငါးနှစ်က (Information) အချက်အလက်က အခုချိန်ကြည့်လည်း ဒီအတိုင်းပဲ။ အဲဒီအတွက် သူတို့က သိပ်ပြီး လုံခြုံမှု security မထားတော့ဘူး။ အဖြစ်သဘောမျိုး သာ ထားတယ်ပေါ့ updater ကို သူက ။ အဲဒါကို ဘင်္ဂလားဒက်ရှ်ဘက်က တိုက်နိုင်ပါပြီ ဆိုပြီးတော့ ဝင်တိုက်သွားတာ ဒါပေမယ့် ဘင်္ဂလားဒက်ရှ် ရဲ့ IT နည်းပညာက တော်တော်မြင့်သွားပြီ။ သူတို့က e-government တွေ ဘာတွေ ဖြစ်သွားပြီ။ အဲဒီအချိန်မှာမှ BHG ကဝင်တိုက်တော့ သူတို့ရဲ့ အော်ပရေးရှင်းမှာ အများကြီး အနှောက်အယှက်ဖြစ်သွားတယ်”
ဆိုတော့ ဆက်တိုက်မယ် ဆိုရင်သူတို့ ပိုနာမယ့် သဘော ရှိနေတာပေါ့။
“ဟုတ်ကဲ့ ပိုနာမယ့် အတွက် သူတို့က BCA က မကြေငြာပဲနဲ့ စစ်ကိုပြေငြိမ်းသွားတာ”
အဲဒီလိုမျိုး တဖက်ကတိုက်လို့ ဖွင့်လို့ မရဘူး။ ပြေငြိမ်းလိုက်တယ် ဆိုတာကို တဖက်က ဒီ BHG အဖွဲ့ကနေ ဘယ်လိုလုပ် သိသလဲ
“ များသောအားဖြင့် ဒီဟက်ကာ group တွေက သူတို့ မှာ ကိုယ်ပိုင် ဝက်ဘ်ဆိုက်တွေ ရှိကြတယ်။ အဲဒီ ကိုယ်ပိုင် ဝက်ဘ်ဆိုက်တွေမှာ သူတို့က ဘယ်ကို တိုက်လိုက်ပါပြီ။ ဆိုတာမျိုး ရေးလေ့ရှိတယ်။ အဲဒီအခါမှာ ဘင်္ဂလားဒက်ရှ် ဆိုင်ဘာ BCA က အရင်ကဆို သူတို့က အမြဲတမ်း အင်ဖေါ်မေးရှင်းတွေ ပေးတယ်။ ဘယ်ဝက်ဘ်ဆိုက်ကို တိုက်ခိုက်လိုက်ပြီ။ ဗမာပြည်ဘက်က ဘယ်သူ့ကို တိုက်ခိုက်လိုက်ပြီဆိုတာ။ အဲဒီအခါမှ BHG ကပြန်ပြန် တိုက်ခိုက်တဲ့အခါမှာ နောက်ပိုင်းကျတော့ BCA က သူ့မှာ ရှိတဲ့ အင်ဖေါ်မေးရှင်းတွေ အကုန်လုံးကို ပယ် ချပစ်လိုက်တယ်။ သူတို့ တိုက်ခိုက်တဲ့ဟာတွေကို ဘာမှ မပြောတော့ ဘူး။ ဒီကိစ္စနဲ့ ပါတ်သက်ပြီး ဘာမှမပြောတော့ပဲ ပြည်ဖုံးကား ချလိုက် ပြီးတော့ သူတို့ မလုပ်တော့ဘူးဆိုတဲ့ ပုံစံမျိုး လုပ်လိုက်တယ် ခင်ဗျ။ အဲဒီအခါမှာ BHG ကလည်း သူတို့ ဆက်မလုပ်တော့ပဲနဲ ရပ်သွားတာ။
အဲဒီလိုရပ်သွားတဲ့ အခါမှာ ဟိုဘက်မှာ သူတို့ နဂိုပိတ်ထားတဲ့ ဝက်ဘ်ဆိုက်တွေက စစ်ပွဲတခုပြေငြိမ်းသွားပြီ၊ ရပ်လိုက်ပြီ ဆိုရင် သူတို့ ရဲ့ဆိုက်တွေကို ဘယ်လိုပြန်ပြီး ထူထောင်ကြလဲ
“များသောအားဖြင့် ဥပမာ e-governmentတို့ ဘာတို့မှာ ဥပမာ စင်္ကါပူ အစိုးရတို့ဆို တခုထဲမှာ ထားတာ မဟုတ်ဖူး ခင်ဗျ။ သူတို့မှာ back up site ရှိတယ်။ သူတို့မှာ အမြဲတမ်း နောက် တခုအရံရှိတယ်။ ဒီမိန်းဆိုက်ကြီး တခု ကျသွားရင်တောင်မှ သူတို့မှာ အချိန် အနဲငယ် အတွင်း ဥပမာ အားဖြင့် ၂ရက်တန်သည် ၃ရက်တန်သည် အချိန်အတွင်းမှာ အချက်အလက်တွေကို ပြန်ရအောင် (recovery) ပြန်လုပ်လို့ရတာတွေ ရှိတယ်ခင်ဗျ။ ဘင်္ဂလားဒက်ရှ်မှာက အဲဒါမျိုးတွေ လုပ်ထားတယ်လို့ ကျွန်တော်ထင်တယ်။ အဲဒါကြောင့် ၂ရက် ၃ရက်အတွင်းမှာ သူတို့ရဲ့ ဆိုက်တွေက ပုံမှန်ကို ပြန်ဖြစ်သွားတယ်ခင်ဗျ။”
အဲဒီတော့ နဂိုအတိုက်ခိုက်ခံရတဲ့ ဆိုက်က သုံးလို့ မရတော့ဘူး။ ဒါပေမယ့် သူတို့ back up လုပ်ထားတဲ့ ဆိုက်ကနေ တဆင့် ပြန်ဖွင့်တဲ့ သဘောပေါ့နော်။
“ဟုတ်ပါတယ်။ ဒါပေမယ့် အဲဒီ အင်ဖေါ်မေးရှင်းတွေက ၂ရက် ၃ရက်တော့ up to date ဖြစ်မှာမဟုတ်ဖူး။ အချိန်နဲ့ အမျှ အသစ်တင်နိုင်မှာ မဟုတ်ဖူး။ ပျက်သွားတဲ့ ရက်တွေ အတွင်းမှာ။ ဒါပေမယ့် အများကြီးဖြစ်သွားသလား ဆိုတော့ အများကြီး ဖြစ်မသွားဘူး။ အဲဒီအတွက် နေ့စဉ်လုပ်နေတဲ့ daily operation အလုပ်တခု အနှောက်အယှက် ခံရတာတခုပဲ ဖြစ်သွားတာပါ”
ဒီ ဘင်္ဂလာဒက်ရှ် တိုက်ခိုက်တာ ခံရလို့ မြန်မာအစိုးရ ဝက်ဘ်ဆိုက်တွေမှာ အခုရောပြန်ပြီးဖွင့်နိုင်ပါပြီလား
“ဖွင့်နိုင်ပါပြီခင်ဗျ။ သူတို့က အစောကြီးကတဲက ဒီ အင်ဖေါ်မေးရှင်းတွေက ရှိနေတော့၊ နောက် အများဆုံး ဆယ်မျက်နှာ ၁၅ မျက်နှာလောက်ပဲ ရှိတော့ အဲဒါကို ချက်ချင်းပဲ ပြန်တင် ဖို့ရာ အဆင်ပြေတယ်ခင်ဗျ။ သူတို့ က ဘင်္ဂလားဒက်ရှ်ဘက်နဲ့ စာရင် ဘာကွာသလဲ ဆိုတော့ မြန်မာ ဆိုက်က အခုကောက်တင် အခု ချက်ချင်းရတယ်။ ဟို ဘင်္ဂလားဒက်ရှ်က သူ့ရဲ့ ဒေတာ (အချက်အလက်) တွေကို ပြန်ရအောင် လုပ်နေရတော့ အချိန်က နဲနဲ ကွာသွားတယ်။ အဲဒီတော့ အထိနာသွားတာက ဘင်္ဂလားဒက်ရှ် ဘက်က များတော့ ပြန်တင်ဖို့ အချိန် ကြာသွားတယ်။ မြန်မာဘက်ကတော့ နဲတဲ့ အခါကျတော့ recovery time ကပိုမြန်သွားတယ်။ အခုဆိုရင် မြန်မာဝက်ဘ်ဆိုက်တွေ ပုံမှန် ပြန်ဖြစ်နေပြီ”
မြန်မာနိုင်ငံမှာ ရှိတဲ့ ကွန်ပြူတာ ဝက်ဘ်ဆိုက်တွေ အစိုးရဝက်ဘ်ဆိုက်တွေကို ဘယ်လို ထိမ်းထိမ်းသိမ်းသိမ်း လုပ်သင့်တယ်လို့ထင်သလဲ
“မြန်မာပြည်က ဝက်ဘ်ဆိုက်တွေမှာ ကျွန်တော် ခုနက တင်ပြခဲ့တဲ့ အတိုင်း ဒီလိုအတိုက်အခိုက် ခံရမှ မဟုတ်ဖူး။ ဥပမာဆိုရင် မုန်တိုင်းကျမယ်၊ ငလျင် လှုပ်မယ်။ တခုခု ဖြစ်မယ် ဆိုရင် information တခုကို လျင်လျင်မြန်မြန် ကာကွယ် နိုင်ဖို့ အတွက် အဲဒါမျိုးကို သူတို့ စပြီးတော့ စဉ်းစားသင့်တယ် ခင်ဗျ။ နောက်တခုက security သူတို့ရဲ့ fire wall တွေကို ဘယ်လိုထားမလဲ။ လုံခြုံမှုရှိအောင် security ဥပမာ password ဆိုရင် ဆိုက်တခုအတွက် အမြဲတမ်းပဲ ပုံမှန် မထားသင့်ဘူး။ ဥပမာ တလတကြိမ်ပြောင်းရမယ်။ ၂လတကြိမ်ဖြစ်စေပြောင်းရမယ်။ fire wall တွေ ဆိုရင် ဘယ်လိုကောင်းတာမျိုး ထားရမလဲ။ အဓိကကတော့ ခုနပြောသလို ဖြစ်သွားပြီဆိုရင်တောင် ဒီ fire wall တွေ ဒီ pass word တွေ သုံးလို့ မရတော့ဘူးဆိုရင်တောင်မှ အချက်အလက် data တွေကို အချိန်ဘယ်လောက်အတွင်းမှာ ပြန် recovery ပြန်ရအောင် လုပ်လို့ ရမလဲ ဆိုတဲ့ အစီအစဉ်တွေ ချဖို့ လိုတယ်။ ထားသင့်တယ်ခင်ဗျ။ contingency အစီအစဉ်တွေပါ။ အဲဒီလိုထားနိုင်ရင်တော့ ဒီကိစ္စက အဆင်ပြေသွားလိမ့်မယ်။
အဲဒီတော့ အခု ဆိုင်ဘာစစ်ပွဲတွေဖြစ်လေ့ရှိတယ်။ ဖြစ်တတ်တယ်။ ဒီဆိုင်ဘာစစ်ပွဲတွေ အတွက်ကို ကြိုတင်ကာကွယ်လို့ ရသလား။ ဒါတွေနဲ့ ပါတ်သက်ပြီးတော့ ဒီစစ်ပွဲကို ဘယ်လိုခုခံကာကွယ်ဖို့လုပ်နိုင်မလဲ ဆိုတာပြောပြပေးပါ
ရေရှည်မှာ ဒါကတော့ ကျွန်တော်ထင်တယ်။
ကွန်ပြူတာပညာရှင် ဦးဥက္ကာကြူဖေ ကပြောသွားတာပါ။