ကွန်ဂို သမ္မတရွေးကောက်ပွဲ ကျင်းပ

ကွန်ဂိုနိုင်ငံမှာတော့ အချိန်အတာ်ကြာတဲ့ ရွေ့ဆိုင်းထားရတဲ့ သမ္မတရွေးကောက်ပွဲတွေ ဒီနေ့ပြုလုပ်ပြီး မဲဆန္ဒရှင်တွေ မဲပေးနေကြပါပြီ။ ဒီ ရွေးကောက်ပွဲဟာဆိုရင် ကွန်ဂိုနိုင်ငံမှာတော့ ပထမဆုံးအကြိမ် ငြိမ်းချမ်းပြီး ဒိမိုကရေစီနည်းကျ အာဏာလွဲှပြောင်းပေးမယ့် ရွေးကောက်ပွဲဖြစ်လာဖို့ မျှော်မှန်းထားပါတယ်။

ဒါကြောင့် ရွေးကောက်ပွဲမှာ မငြိမ်းမသက်မှုတွေ ဖြစ်လာမှာကိုလည်း စိုးရိမ်စရာရှိနေပါတယ်။ နိုင်ငံ အရှေ့ဖက်ခြမ်းမှာ အိုဘိုလာဗိုင်းရပ်ပိုး ကူးစက်ပြန်နှံတဲ့အခြေအနေကြောင့် နောက်ဆုံးအချိန်ကပ်ပြီး လူတသန်းလောက် မဲပေးခွင့်ကို ပိတ်ခဲ့ရပါတယ်။

ဒါဟာ ရွေးကောက်ပွဲကို ယုံကြည်စိတ်ချမှု ထိခိုက်စေတယ်ဆိုပြီး ဝေဖန်မှုတွေရှိနေပါတယ်။ လက်ရှိသမ္မတ Joseph Kabila က ရွေးချယ်ထားတဲ့ သမ္မတလောင်းဟာ အရင် ပြည်ထဲရေးဝန်ကြီး Emmanuel Ramazani Shadary ဖြစ်ပြီး သူကို ဥရောပသမဂ္ဂက အရေးယူဒဏ်ခတ်ထားပါတယ်။

သူနဲ့အပြိုင် အဓိက အတိုက်အခံကိုယ်စားလှယ်နှစ်ဦးကတာ့ Martin Fayulu နဲ့ Felix Tshisekedi တို့ဖြစ်ပါတယ်။ ကွန်ဂို ပြည်သူ သန်း၄၀ ဟာ ကွန်ပြူတာစနစ်ကိုသုံးပြီး ပထမဆုံးအကြိမ် မဲပေးခွင့်ရတာပါ။ မဲရလဒ်တွေ လိမ်ညာခံရနိုင်တယ်လို့ အတိုက်အခံတွေကတော့ စိုးရိမ်နေပါတယ်။

Your browser doesn’t support HTML5

ကွန်ဂို သမ္မတရွေးကောက်ပွဲ ကျင်းပ