အသည်းတပိုင်း ရောင်းရန်ရှိသည် 

  • VOA Burmese

Your browser doesn’t support HTML5

ဥရောပအရှေ့ခြမ်း ခရိုအေးရှားနိုင်ငံ ပက်ရှ်မန်ရေလက်ကြားမှာတည်ရှိတဲ့ အသည်းပုံကျွန်းငယ်လေးရဲ့ တစိတ်တပိုင်းကို ရောင်းချဖို့ ကြော်ငြာနေပြီး နေ့စဉ်လို စိတ်ဝင်စားသူတွေ အများအပြား စုံစမ်းနေကြပါတယ်။

အသည်းတပိုင်း ရောင်းရန်ရှိသည်

ဥရောပအရှေ့ခြမ်း ခရိုအေးရှားနိုင်ငံ ပက်ရှ်မန်ရေလက်ကြားမှာတည်ရှိတဲ့ အသည်းပုံကျွန်းငယ်လေးရဲ့ တစိတ်တပိုင်းကို ရောင်းချဖို့ ကြော်ငြာနေပြီး နေ့စဉ်လို စိတ်ဝင်စားသူတွေ အများအပြား စုံစမ်းနေကြပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇,၀၀၀ လောက်က လူနေခဲ့တဲ့ အထောက်အထားတွေ ရှိပေမဲ့ လက်ရှိ လူနေထိုင်တာ၊ လူတွေအတွက် အဆောက်အဦးဆိုတာမျိုး မရှိပဲ သဘာဝအတိုင်း တောအုပ်နဲ့ရှိနေတဲ့ ကျွန်းလေးဖြစ်ပြီး ဒီကျွန်းရဲ့ ပုံသဏ္ဍာန်ကြောင့် တနှစ်တနှစ် ဓာတ်ပုံ တသန်းလောက် ရိုက်ကူးကြပါတယ်။