မြန်မာ့ခေတ်ဆန်းစာပေကို ဦးဆောင်လှုပ်ရှားခဲ့သူ၊ ငြိမ်းချမ်းရေး ဗိသုကာ ဆရာကြီး ဒဂုန်တာရာ ဒီကနေ့ နေ့လည် ၁ နာရီကျော်လောက်က ရှမ်းပြည်နယ်၊ အောင်ပန်းမြို့ နေအိမ်မှာ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။ အသက် ၉၅ နှစ်ရှိပြီဖြစ်တဲ့ ဒဂုန်တာရာဟာ မြန်မာပြည် ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာပေအနုပညာနဲ့ တိုက်ပွဲဝင်ခဲ့သူ ဖြစ်ပါတယ်။
၁၉၃၀ ပြည့်အရေးတော်ပုံမှာ ကိုယ်တိုင် ပါဝင်ဆင်နွဲခဲ့သူတဦးဖြစ်သလို တိုင်းပြည် လွတ်လပ်ရေးရအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြတဲ့ ဗိုလ်ချုပ်အောင်ဆန်း စတဲ့ ခေါင်းဆောင်ကြီးတွေနဲ့ ရင်းရင်းနှီးနှီး အတူ နေထိုင်ခဲ့သူတဦးလည်း ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ရန်ကုန်မြို့မှာရောက်နေတဲ့ ဝိုင်းတော်သား ကိုဇော်ဝင်းလှိုင် က သတင်းပေးပို့ခဲ့ပါတယ်။
၂၀၁၃ ခုနှစ် သြဂုတ်လဟာ ပြည်သူချစ်တဲ့ အနုပညာရှင်တွေ၊ စာရေးဆရာ၊ သတင်းစာ ဆရာကြီးတွေ ကွယ်လွန်တဲ့လလို့ ပြောရလောက်တဲ့အထိ တိုင်းသိ ပြည်သိ ပုဂ္ဂိုလ်ကြီးတွေ ကွယ်လွန်ကြတဲ့ လဖြစ်နေပါတယ်။
အခုနောက်ဆုံး ကွယ်လွန်သူကတော့ မြန်မာနိုင်ငံ လွတ်လပ်ရေးလှုပ်ရှားမှုမှာ တစိတ်တပိုင်းက ပါဝင်ခဲ့သူဖြစ်တဲ့အပြင် မြန်မာ့စာပေလောကမှာ ဝေါဟာရ ကအစ အတွေးအခေါ်ပိုင်း အပါအဝင် နိုင်ငံရေးစာပေတွေ အထိပါ သြဇာအရှိဆုံး ပုဂ္ဂိုလ်လို့ ပြောလို့ရတဲ့ ဆရာကြီး ဒဂုန်တာရာပဲ ဖြစ်ပါတယ်။
ဆရာကြီး ဒဂုန်တာရာဟာ လွတ်လပ်ရေး ခေတ်ကြိုအချိန်ကစလို့ ဒီကနေ့ ဒီမိုကရေစီ လှုပ်ရှားမှုအထိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် တောက်လျှောက် တိုက်ပွဲဝင်ခဲ့သူ တဦးဖြစ်တဲ့အတွက် ငြိမ်းချမ်းရေး ဗိသုကာတဦးလို့ သတ်မှတ်လို့ ရနိုင်တဲ့အကြောင်း ဒဂုန်တာရာရဲ့ မိတ်ဆွေလည်းဖြစ်၊ ဝါရင့် သတင်းစာဆရာကြီးလည်းဖြစ်တဲ့ ဦးဝင်းတင်က ပြောပါတယ်။
“ကိုတာရာဟာ ဆရာဒဂုန်တာရာဟာ ကျနော်သိတာ နှစ်ပေါင်း ၅၀ ကျော်သွားပြီ။ ၆၀ လောက်ဖြစ်နေပြီ။ ကျနော် သိသမျှထဲမှာ လေးစားစရာ အကောင်းဆုံး စာရေးဆရာ၊ နိုင်ငံရေးသမား၊ သို့မဟုတ်ရင်လည်း ငြိမ်းချမ်းရေးသမား၊ သို့မဟုတ်ရင်လည်း အမျိုးသား ပြန်လည်သင့်မြတ်ရေး သမားလို့ ကျနော် အဲ့ဒီလိုပဲ သတ်မှတ်ပါတယ်။ သူ့ကို အလွန် လေးစားကြည်ညိုတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်လို့ ကျနော် သတ်မှတ်ပါတယ်။ ဒါ ပုဂ္ဂိုလ်ရေး ပြောတာပါ။ နောက်တခု ကျနော်ပြောချင်တာက သူ့ရဲ့လုပ်ငန်းကိုကြည့်ရင် လုပ်ငန်း သုံးခုတွေ့တယ်ဗျ။ တစ်ခုက ဘာလဲဆိုရင် အမျိုးသား လွတ်လပ်ရေး တိုက်ပွဲကာလပေါ့လေ။ အဲ့ဒါ စစ်ကြိုခေတ်ကတည်းက ဗိုလ်ချုပ်အောင်ဆန်းတို့၊ သခင်စိုးတို့၊ သခင်သန်းထွန်းတို့၊ အဲ့ဒီခေတ်က ကျော်ကြားတဲ့ ဦးကျော်ရင်တို့၊ ဦးဘဆွေတို့ ဆိုတဲ့ အကုန်လုံး ခေါင်းဆောင်ပိုင်းတွေနဲ့ စုပေါင်းပြီးတော့ သူက အမျိုးသားလွတ်လပ်ရေး တိုက်ပွဲ ရုန်းကန်မှုတွေမှာ သူ ပါဝင်ခဲ့တယ်။ လှုပ်ရှားခဲ့တယ်၊ ဦးဆောင်ခဲ့တယ်။ သူ လုပ်ခဲ့တယ်။"
"နောက်တခါ ဒီ လွတ်လပ်ရေးခေတ်ပေါ့လေ လွတ်လပ်ရေးရပြီး ဦးနုအစိုးရလက်ထက်၊ နောက်တခါ ဦးနေဝင်းရဲ့ မဆလ အစိုးရခေတ်၊ စစ်အာဏာရှင်၊ တစ်ပါတီအာဏာရှင်စနစ်ရဲ့ နောက်တခါ ဦးသန်းရွှေတို့ခေတ်၊ စစ်အာဏာရှင်ခေတ်၊ ဒီခေတ်တွေမှာ အကုန်လုံးက ပြည်တွင်းငြိမ်းချမ်းရေးက ပြဿနာ အကြီးကြီးဖြစ်နေတယ်။ ပြည်တွင်း ငြိမ်းချမ်းရေး ပြဿနာကြီး အကြီးကြီးကို ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာလည်း သူက သူ့ရဲ့ တတ်နိုင်သမျှ ငြိမ်းချမ်းရေးလုပ်ငန်းနဲ့ စွမ်းဆောင်ပြီးတော့ ပါဝင်ခဲ့တယ်။ ငြိမ်းချမ်းရေးခေါင်းဆောင်တစ်ယောက်လို့ သတ်မှတ်ခံရလောက်အောင်ကို ကြိုးပမ်းခဲ့တယ်။”
ရန်သူမရှိ မိတ်ဆွေသာရှိဆိုတဲ့ ဆောင်ပုဒ်နဲ့ ရပ်တည်ခဲ့တဲ့ ဆရာကြီး ဒဂုန်တာရာဟာ လက်ရှိ ဒီမိုကရေစီအရေး တောင်းဆိုလှုပ်ရှားကြတဲ့ ခေတ်မှာလည်း အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် နောက်ဆုံးအချိန်ထိ တိုက်ပွဲ ဝင်သွားသူဖြစ်တယ်လို့ ဦးဝင်တင်က ဆက်ပြောပါတယ်။
“ဒီနေ့ခေတ် ရောက်လာတဲ့အခါကျတော့ ဒီ ဦးသိန်းစိန်တို့ အစိုးရလက်ထက် ရောက်တဲ့အခါကျတော့ သူတို့ရဲ့ ရေး တလုံးပေါ်နေတဲ့ ပြဿနာက ဘာလဲဆိုတော့ အမျိုးသား ပြန်လည် သင့်မြတ်ရေး ပြဿနာပဲ။ ဒီပြဿနာနဲ့ ပတ်သက်ပြီး သူက ဒီကနေ့ သေသွားတဲ့အချိန်ထိပေါ့ ဒါကို အစွမ်းကုန် ကြိုးပမ်းခဲ့တာ။ အဲ့တော့ အဲ့ဒီ ကြိုးပမ်းတဲ့ဟာတွေမှာ သူ့ရဲ့ဟာတွေကို ဆောင်ပုဒ်တွေ သူ့ရဲ့ အင်အားတွေကို ကြည့်မယ်ဆိုရင် အမျိုးသားလွတ်လပ်ရေး တိုက်ပွဲကိစ္စတုန်းက သူက လွတ်လပ်ရေးနဲ့ အဲ့ဒါကို တိုက်တဲ့နေရာမှာ စာပေနဲ့ တိုက်တာပဲဗျ။"
"အဲ့ဒီခေတ်တုန်းက ဒီကာလတွေ တလျှောက်လုံးမှာ ကျနော်တို့ လုပ်တဲ့ဟာတွေမှာ ဘာလုပ်လဲဆိုရင် နိုင်ငံရေးအားဖြင့် လုပ်တယ်။ စစ်ရေးအားဖြင့်လုပ်တယ်။ စစ်ရေးဆိုတာ လက်နက်ကိုင် သူပုန်ဖြစ်ရင်လည်းဖြစ်မယ်။ အစိုးရ စစ်တပ်တွေလည်း ဖြစ်ရင်ဖြစ်မယ်။ ဒါက တမျိုးပေါ့။ ဒါမှမဟုတ်ရင်လည်း နိုင်ငံရေးပါတီဝင်ဖြစ်မယ်။ နိုင်ငံရေးမှာ သူပုန်ဖြစ်ရင်ဖြစ်မယ်။ ဒီပုံစံလေးနဲ့ ကျနော်တို့ လှုပ်ရှားကြတယ်။ ဒါက ဒီတိုက်ပွဲတွေ အကုန်လုံးပါ။ ဒီပုံစံနဲ့လုပ်တာ ဒီနေ့အထိ။ အဲ့တော့ အဲ့ဒီလိုလုပ်တဲ့အခါမှာ သူက အမျိုးသား လွတ်လပ်ရေး တိုက်ပွဲကာလတုန်းက သူ့ရဲ့ လက်နက်အင်အားက ဘာလဲဆိုတော့ စာပေအင်အားပဲ။”
ဆရာကြီး ဒဂုန်တာရာ မနှစ်က စက်တင်ဘာလထဲမှာတုန်းကလည်း နိုင်ငံရေး အပေါင်းအဖော်များနဲ့ ပြည်သူများအတွက် ပန်ကြားလွှာဆိုပြီး အချင်းချင်း မေတ္တာထားပြီး ဒီမိုကရေစီ ပန်းတိုင်ရောက်အောင် လက်တွဲချီတက်ကြဖို့ တိုက်တွန်းထားတဲ့ ပန်ကြားလွှာကို ထုတ်ပြန်ခဲ့ပါတယ်။
ဆရာကြီး ဒဂုန်တာရာဟာ မြန်မာစာပေမှာ အသုံးအနှုန်း ဝေါဟာရတွေအပြင် အတွေးအခေါ် အသစ်အဆန်းတွေပါ တီထွင်ခဲ့သူတဦးဖြစ်တယ်လို့ ဒဂုန်တာရာရဲ့ မိတ်ဆွေ စာရေးဆရာ မောင်မိုးသူက ပြောပါတယ်။
“မြန်မာစာပေမှာလည်း သူ့ကို အကြောင်းပြုပြီးမှ တာရာမဂ္ဂဇင်းတို့ ဘာတို့ ထွက်တာပေါ့။ အသုံးအနှုန်းတင်မကဘူးကွဲ့။ သူက အရေးအသားပါ၊ နောက်တခုက အတွေးအခေါ်ပါ သူက အမြဲတမ်း ပြည်သူ့ဘက်က ရပ်တဲ့ အတွေးအခေါ်ရှိတာ။ ဆရာ ဒဂုန်တာရာရဲ့ အတွေးပါပဲလို့။”
ဆရာကြီးက မြန်မာသံစဉ် သီချင်းတွေကို ငယ်ငယ်လေးကတည်းက သင်ပေးခဲ့တဲ့အတွက် သူ အခုချိန်မှာ မြန်မာသံစဉ် သီချင်းတွေကို ဆိုတတ်တာလို့ ဆရာဒဂုန်တာရာနဲ့ မိသားစု မိတ်ဆွေလည်းဖြစ်တဲ့ အဆိုတော် ဟေမာနေဝင်းက ပြောပါတယ်။
“မမတို့က မမတို့ ဖေဖေရှိတုန်းက ဖိုးဖိုး ဒဂုန်တာရာရယ် အတူတူနေတာလေ။ မတို့နဲ့ တအိမ်တည်းနေတာပါ။ ဟေမာနေဝင်းဆိုတဲ့ နာမည်ကိုလည်း ဖိုးဖိုး ဒဂုန်တာရာကပဲ ပေးခဲ့တာပါ။ မမ ငယ်ငယ်တုန်းက ဖိုးဖိုးက မမ ကို အချစ်ဆုံးဆိုတော့ သူက စာပေသမားတွေနဲ့ ဘယ်သွားသွား ခေါ်သွားတတ်တယ်လေ။ သခင်ကိုယ်တော်မှိုင်း ဂူတွေဘာတွေသွားရင်လည်း မမ လိုက်သွားဖူးတယ်။ မမ အဆိုတော်ဖြစ်ပြီးတော့ ဒီလို ဗမာသံတွေလည်း ဆိုတတ်တာ ဖိုးဖိုးကြောင့် ဆိုတတ်တာလေ။ ငယ်ငယ်တုန်းက သူက စန္ဒယားတီးရင် သူက ဗမာသံတွေပဲ တီးတယ်။ ဗမာစန္ဒယားက သူ့အခန်းထဲမှာပဲ ရှိတယ်။ ဗမာအသံ တီးတာပေါ့နော် သူက။ ဒါကြောင့် မမ အဲ့ဒီ ငယ်ငယ်လေးကတည်းက အဲ့ဒီ ပျို့မှာတမ်းတို့၊ ပျို့ဆုတောင်းတို့ အဲ့ဒီလို သီချင်းမျိုး၊ မြတ်ပန်းခွေတို့ မမ ငယ်ငယ်လေးကတည်းက ဆိုတတ်တာ။ ဖိုးဖိုးက သင်ပေးထားတာ။”
ဆရာကြီး ဒဂုန်တာရာဟာ ဆေးရုံမှာ ၁၁ ရက်လောက် ဆေးကုသမှု ခံယူရာက ပြန်လာပြီး မကြာခင်ကလေးမှာပဲ သြဂုတ်လ ၁၉ ရက်၊ တနင်္လာနေ့ နေ့လည် ၁ နာရီ ၁၅ မိနစ်မှာ နေအိမ်မှာပဲ လူကြီးရောဂါနဲ့ ဘဝတပါးကို ကူးပြောင်းသွားတာ ဖြစ်ပါတယ်။
နိုင်ငံရေးလုပ်တယ်ဆိုတာ ရန်သူကို ကိုယ့်ဘက်ပါအောင် စည်းရုံးတာလို့ ဆရာကြီး ဒဂုန်တာရာ က ပြောခဲ့ဖူးပါတယ်။ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ လွတ်လပ်ရေးနဲ့ ငြိမ်းချမ်းရေး လိုအပ်နေတာလို့ မြင်တဲ့အကြောင်း ဗွီအိုအေ အမေရိကန်အသံ (မြန်မာပိုင်း) အစီအစဉ်နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောခဲ့ဖူးပါတယ်။
“ကျနော်တို့ အခု လိုအပ်နေတာကတော့ လွတ်လပ်ရေးနဲ့ ငြိမ်းချမ်းရေးပဲဗျ။ လွတ်လပ်ရေး ဆိုတာကတော့ ကျနော်တို့ ဟိုး အင်္ဂလိပ်ခေတ်ကတည်းက အင်မတန် တောင့်တခဲ့တဲ့ လွတ်လပ်ရေးပေ့ါဗျာ။ အခွင့်အရေး တန်းတူဖြစ်တဲ့ လွတ်လပ်ရေး၊ အဲ့တော့ လွတ်လပ်ရေး အားနည်းတဲ့အတွက် ကျနော်တို့ ညီညွတ်ရေးအားလည်း နည်းတယ်ပေါ့။ ညီညွတ်ရေးအား နည်းတဲ့အတွက် ငြိမ်းချမ်းရေးက ပြည့်ပြည့်၀၀ မရဘူး။ အခု ကျနော်တော့ အဲ့လိုပဲ ခံစားရတယ်။ အဲ့တော့ ကျနော် အဲ့ဒါနဲ့ ပတ်သက်ပြီးတော့ ရန်သူမရှိ မိတ်ဆွေသာရှိ၊ မုန်းသူမရှိ ချစ်သူသာရှိ၊ နိုင်ငံရေးလုပ်တယ်ဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်တယ်ဆိုတဲ့ ကျနော့်ဘ၀ အတွေ့အကြုံ သမိုင်းအတွေ့အကြုံက ရရှိတဲ့ ဒဿနစကားကိုပဲ ကျနော်က ထပ်ခါထပ်ခါ ပြောချင်တယ်ဗျာ။ ခင်ဗျားတို့တွေကလည်း လွှင့်ပေးစေချင်တယ်ဗျာ။ အဲ့ဒါ ကျနော့် ခံစားချက်လေးပဲ ဆိုပါတော့”
ကွယ်လွန်သွားပြီဖြစ်တဲ့ ဆရာကြီး ဒဂုန်တာရာ ဗွီအိုအေကို ပြောခဲ့ဖူးတဲ့ စကားတချို့ပါခင်ဗျာ။