ဒေါ်အောင်ဆန်းစုကြည် အင်တာနက် အသုံးပြုနိုင်ပြီ

ဒေါ်အောင်ဆန်းစုကြည် အင်တာနက် အသုံးပြုနိုင်ပြီ

ဒေါ်အောင်ဆန်းစုကြည် အင်တာနက် အသုံးပြုနိုင်ပြီ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက်လာခဲ့ပြီး အခု ၂ လကျော်လာခဲ့ချိန်မှာ ကွန်ပျူတာ အင်တာနက် တပ်ဆင်ခွင့်ရခဲ့ပြီဖြစ်ပါတယ်။ ဆက်သွယ်ရေးစနစ်အားလုံးကို ထိန်းချုပ်ထားတဲ့ မြန်မာစစ်အာဏာပိုင်တွေက McWill လို့ခေါ်တဲ့ အင်တာနက်ဆက်သွယ်တဲ့စနစ်ကို တပ်ဆင်ခွင့် ပေးခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်က နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက်လာခဲ့ပြီးတဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့ နောက်ပိုင်းမှာ အင်တာနက်စနစ် တပ်ဆင်ဖို့အတွက် သူမရဲ့ နာမည်နဲ့လျှောက်လွှာတင်ခဲ့ပါတယ်။ မြန်မာ အာဏာပိုင်တွေဟာ ဆက်သွယ်ရေးစနစ် အားလုံးနဲ့အတူ အင်တာနက် ဆက်သွယ်မှုကို ထိန်းချုပ်ထားပြီး နိုင်ငံရေးဝက်ဘ်ဆိုက် စာမျက်နှာ အများအပြားကို ပိတ်ပင်ထားတာပါ။

မြန်မာနိုင်ငံမှာ ၂၀၀၉ ခုနှစ်အတွင်း အင်တာနက်သုံးစွဲသူဟာ လူဦးရေ ၄၅၅ ဦးမှာ တဦးသုံးစွဲနေတာ တွေ့ရတယ် လို့ ဂျနီဗာမြို့က ကုလသမဂ္ဂ နိုင်ငံတကာ ဆက်သွယ်ရေးသမဂ္ဂ ITU က ပြောပါတယ်။