မြန်မာနှစ်သန်း ၁၀၀ ကျော် ပုစဉ်းရုပ်ကြွင်း သဘာဝတန်ဘိုးထားသူ ဘီဘီစီ အမှုထမ်းအမည် အထူးပြုမှည့်ခေါ်

Sir David Attenborough

နှစ်ပေါင်း သန်း၁၀၀ ရှိတဲ့ ပုစဉ်းရုပ်ကြွင်းကို ဘီဘီစီဝါရင့် အသံလွှင့်အမှုထမ်းအပြင် သဘာဝပတ်ဝန်းကျင်လေ့လာသူ David Attenborough ကို အမှူးထားပြီး သိပ္ပံပညာရှင်တွေက အမည်မှည့်ခေါ်ဖို့ ဆုံးဖြတ်လိုက်တဲ့အကြောင်း သြဂုတ်လ ၁၆ ရက်နေ့က ကြေညာခဲ့ပါတယ်။

Mesosticta davidattenboroughi လို့အမည်ပေးထားတဲ့ ဒီရှေးဟောင်း ပုစဉ်းရုပ်ကြွင်းကို မြန်မာနိုင်ငံ ကချင်ပြည်နယ်ကထွက်တဲ့ ပယင်းထဲမှာ သိပ္ပံပညာရှင်တွေက ဒီနှစ်ဆန်းပိုင်းမှာတွေ့ရှိခဲ့တာဖြစ်ပါတယ်။ အဲဒီ ပိုးကောင်းရဲ့ ဦးခေါင်းဟာ ထူးခြား ဆန်းပြားပြီး သစ်ပင်တွေပေါ်မှာ တွားသွားတဲ့သဘော သက်ရောက်စေတဲ့ ပိန်ရှည်ရှည် ခြေထောက်တွေ ရှိတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ ဒိုင်နိုဆောတွေခေတ်က တည်ရှိခဲ့တဲ့ ဒီပိုးကောင်ဟာ အရမ်း သေးလွန်းပြီး အတောင်ပံတွေလည်း မပါဘူးလို့ ဆိုပါတယ်။ အဲဒီ ပိုးကောင်မျိုး ၂ ကောင်သာ တွေ့ရှိခဲ့ပြီး သူတို့ဟာ မြန်မာနိုင်ငံမှာ တွေ့ရှိတဲ့ ပယင်းထဲမှာ ပုံစံမပျက် တည်ရှိနေတာလို့ ဆိုပါတယ်။

Burma Insect

သိပ္ပံသုတေသီတို့က ဒီရှေးဟောင်း ပုစဉ်းရုပ်ကြွင်းကို အမည်ပေးဖို့ ဘီဘီစီ ရုပ်သံလွှင့်အစီအစဉ်မှူးရဲ့နာမည်နဲ့ အမှတ်တရ မှည့်ခေါ်တာဟာ ပုစဉ်းတွေနဲ့ ပတ်သက်ပြီး ကာလကြာရှည်သူရဲ့ စိတ်ဝင်စားမှုပြသခဲ့တဲ့အတွက်ကြောင့်ဖြစ်ပြီး သူ့ရဲ့ အသက် (၉၀)ပြည့် မွေးနေ့အတွက်လည်း ဖြစ်တယ်လို့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

အခုလို သူရဲ့နာမည်ကိုမှည့်ခေါ်ခဲ့တဲ့အတွက် ကျေနပ်အားရဖြစ်မိကြောင်းနဲ့ အထူးသဖြင့် သူဟာ ဗြိတိသျှရဲ့ ပုစဉ်းများဆိုင်ရာအဖွဲ့မှာ ဥက္ကဌဖြစ်တဲ့အတွက်လို့လည်း David Attenborough ကပြောပါတယ်။ သူဟာ Knighted ဆိုတဲ့ ဗြိတိန်ဘုရင်မရဲ့ သူရဲကောင်းပြုခြင်းကို ခံခဲ့ရသူလည်းဖြစ်ပါတယ်။ နှစ်ပေါင်း (၆၀)ကျော်ကြာ ကမ္ဘာတဝှမ်း တိရစ္ဆာန်နဲ့ သဘာဝပတ်ဝန်းကျေင်အကြောင်း သတင်းတွေပေးပို့ခဲ့တဲ့ “Life on Earth” ကမ္ဘာမြေပေါ်မှ သက်ရှိတွေအကြောင်း သူရဲ့ အစီစဉ်ကို လူပေါင်း သန်း ၅၀၀ ကျော်ကြည့်ရှုခဲ့ကြတာဖြစ်ပါတယ်။ မကြာသေးမီ နှစ်များအတွင်း သူဟာ ရာသီဥတုပြောင်းလဲမှုနဲ့ ပတ်သက်ပြီး ကျရောက်နိုင်မယ့် အန္တရာယ်တွေအကြောင်း တက်တက်ကြွကြွလှုပ်ရှားဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။

Your browser doesn’t support HTML5

ဲမြန်မာနှစ်သန်း ၁၀၀ ကျော် ပုစဉ်းရုပ်ကြွင်း သဘာဝတန်ဘိုးထားသူ ဘီဘီစီ အမှုထမ်းအမည် အထူးပြုမှည့်ခေါ်