မြန်မာ့ရွေးကောက်ပွဲအပေါ် ပါမောက္ခ Steinberg အမြင်

Prof. David Steinberg, Georgetown University

မြန်မာနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲကို ငြိမ်းငြိမ်းချမ်းချမ်း ကျင်းပနိုင်ခဲ့တာဟာ အစဉ်အလာကောင်းတရပ်ကို ချမှတ်လိုက်နိုင်ခြင်း ဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စု George Town တက္ကသိုလ် ဂုဏ်ထူးဆောင်ပါမောက္ခ David Steinberg က မှတ်ချက်ချလိုက်ပါတယ်။ ဒါပေမဲ့ မဲအများစုအနိုင်ရ အတိုက်အခံပါတီအနေနဲ့ စစ်တပ်အင်အား ကြီးစိုးထားတဲ့စနစ်အတိုင်း နိုင်ငံကိုအုပ်ချုပ်ဖို့ စိန်ခေါ်မှုတွေ အများကြီး ရင်ဆိုင်ရဖွယ် ရှိနေတယ်လို့လည်း ဆိုပါတယ်။ ပါမောက္ခ David Steinberg ကို ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်းပြီး တင်ပြထားပါတယ်။