ဆယ်စုနှစ် နှစ်ခုကျော် နေအိမ်အကျယ်ချုပ်နဲ့ နေခဲ့ ရတဲ့ မြန်မာ့ဒီမိုကေရေစီခေါင်းဆောင် ရဲ့ နှစ်နှစ်ဆယ် အတွင်းမှာ အမေရိကန်အစိုးရ ဖိတ်ကြားချက်နဲ့ လာရောက်တဲ့ ပထမ ခရီး လို့ ဆိုရမဲ့ ခု ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ Congressional Gold Medal အပါအဝင် ဂုဏ်ပြုဆု ချီးမြှင့် ပွဲတွေတက်ရောက် ဆုလက်ခံခဲ့ပြီး ကမ္ဘာ့ ထိပ်တန်း ယေး နဲ့ ဟားဗတ် တက္ကသိုလ်ကြီးတွေမှာ လည်း ပညာရှင်တွေ ကျောင်းသားတွေ နဲ့ တွေ့ဆုံ ဟော ပြောမှု တွေလုပ်ခဲ့ပါတယ်။
စက်တင်ဘာ ၁၆ ရက်နေ့ကစတဲ့ ခရီးစဉ် အတွင်း ဝါရှင်တန်၊ နယူးယော့၊ ကယ်လီဖိုးနီးယား အပါအဝင် ပြည်နယ် တော်တော်များများက မြန်မာ မိသားစုတွေနဲ့ လည်း တွေ့ဆုံနုတ်ဆက်ပြီး သြဝါဒစကားတွေ ပြောဆိုခဲ့ပါတယ်။ ၁၇ ရက်ကြာ အမေရိကန် နိုင်ငံခရီးစဉ် နိဂုံးမသတ်ခင် ခုသီတင်းပါတ်ထဲမှာတော့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ဟာ Los Angeles မြို့ကို သွားရောက် ပြီး မြန်မာမိသားစုတွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။
ဒီတွေ့ဆုံပွဲကို အောက်တိုဘာလ ၂ ရက်နေ့ ဒေသစံတော်ချိန် နေလယ် ၂ နာရီမှာ Los Angeles Convention Center မှာပြုလုပ်မှာဖြစ်ပါတယ်။ ဒီတွေ့ဆုံပွဲတက်ရောက်ဖို့အတွက် အနီးပါတ်ဝန်းကျင် က အရီဇိုးနား၊ လားဗီးဂတ် ၊ ဆန်တီယေးဂိုး၊ ဆီယက်တဲ စတဲ့ မြို့တွေအပြင် ကနေဒါက လဲ လာရောက်ကြဖို့ရှိပါတယ်။
စုစုပေါင်း ပရိသတ် ၃ ထောင်လောက်တက်ရောက်မယ်လို့ မျော်လင့် ရကြောင်း ပွဲစီစဉ်သူတွေက ပြောဆိုပါတယ်။ ဒီပွဲကို You Tube လိုဘဲ၊ ယူစထရင်းမ်ကနေ ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။ အောက်တိုဘာ ၃ ရက်နေ့မှာတော့ နိဘယ်လ်ငြိမ်းချမ်းရေး ဆုရှင်ဒေါ်အောင်ဆန်းစုကြည် ဟာ အမေရိကန် ခရီးစဉ်ကို အဆုံးသတ်ပြီး မြန်မာနိုင်ငံကို ပြန်မှာ ဖြစ်ပါတယ်။