အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ညနေပိုင်းက မင်္ဂလာဒုံလေဆိပ်ကနေ ဥရောပ ၃ နိုင်ငံခရီးကို ထွက်ခွာသွားပြီဖြစ်ပါတယ်။ လေဆိပ်မှာသတင်းယူဖို့ ရောက်ရှိနေတဲ့ ဗွီအိုအေဝိုင်းတော်သား ကိုဇော်ဝင်းလှိုင်ကို ဆက်သွယ်မေးမြန်းတဲ့အခါ သူက လေဆိပ်မှာ တွေ့ရတဲ့ မြင်ကွင်းကို အခုလို ရှင်းပြခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် လေဆိပ်ကို ရောက်လာစဉ်မှာပေါ့လေ အဲ့ဒီမှာ စောင့်နေကြတဲ့ ပရိသတ်တွေ၊ နောက် NLD အဖွဲ့ဝင်တွေ၊ နောက် သတင်းထောက်တွေကလည်း တော်တော်လေး များပါတယ်ခင်ဗျ။ သူရောက်လာတဲ့အချိန်မှာလည်း လူတွေက တိုးဝှေ့ပြီးတော့ ဓာတ်ပုံတွေရိုက်ကြပေါ့။ အဲ့လိုမျိုးလုပ်တာတော့ တွေ့ရပါတယ်။
မေး။ ။ တခြားရော နောက် ဘာများ ထူးထူးခြားခြား တွေ့ခဲ့ရတာရှိသလဲခင်ဗျ။
ဖြေ။ ။ ဒေါ်အောင်ဆန်းစုကြည်ဘေးမှာပါလာတဲ့ NLD အဖွဲ့ဝင် လုံခြုံရေးတွေပေါ့နော်။ သူတို့တွေကတော့ ဒေါ်အောင်ဆန်းစုကြည်ဘေးကို ပေးမကပ်ပါဘူး။ ကျနော်တို့ ဝင်လို့မရဘူးပေါ့နော်။ ဒါပေမဲ့ ဒီလိုပဲ တိုးကြဝှေ့ကြပြီးတော့ ကျနော်လည်း တတ်နိုင်သလောက် ဒေါ်အောင်ဆန်းစုကြည်ကို မေးခွန်းမေးဖို့ ကြိုးစားပါတယ်။ မေးခွန်းတခု ကျနော် မေးခွင့်ရလို့ မေးကြည့်တဲ့အခါ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီဥရောပခရီးစဉ်ကို အရင်ခရီးစဉ်တွေထက်စာရင် ဘာများ ထူးခြားမှုရှိပါသလဲလို့ မေးတော့ - ဒေါ်အောင်ဆန်းစုကြည်က ပြန်မဖြေပါရစေနဲ့ ဆိုပြီးတော့ ပြန်ပြောပါတယ်။ ဆိုတော့ တခြား ကျနော့်လိုပဲ မေးခွန်းမေးဖို့ ကြိုးစားတဲ့လူတွေလည်း ရှိပါတယ်။ သူတို့လည်း မေးခွင့်မရခဲ့ပါဘူး။ အဓိကကတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီခရီးစဉ်နဲ့ပတ်သက်ပြီးတော့ သူ့အနေနဲ့ ဘာမှ တစုံတရာ ကြိုပြီးတော့ ပြောချင်တဲ့ဆန္ဒ ရှိပုံမရဘူးလို့ ကျနော် သုံးသပ်လို့ရပါတယ်။ အဲ့တော့ သူ လေဆိပ်ထဲကို check-in လုပ်ပြီးတော့ပေါ့နော် ဒီထွက်ခွာရေးဂိတ်ပေါက်ကနေပြီးတော့ သူ ဝင်သွားတာကို ကျနော်တို့ တွေ့ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည် လေဆိပ်ကနေ မထွက်ခွာခင်အခြေအနေကို အဲ့ဒီအချိန်မှာ လေဆိပ်ကိုရောက်နေတဲ့ ဗွီအိုအေဝိုင်းတော်သား ကိုဇော်ဝင်းလှိုင်ကို ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။
ဒီခရီးစဉ်နဲ့ပတ်သက်ပြီးတော့ မဆုမွန်က အသေးစိတ် ဆက်သွယ်မေးမြန်းထားတာကို ဆက်လက်တင်ပြပါမယ်ခင်ဗျာ။
စက်တင်ဘာလ ၁၀ ရက်နေ့ကနေ စက်တင်ဘာလ ၁၈ ရက်နေ့အထိ သီတင်းတပတ်တာ ကြာမြင့်မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပ ၃ နိုင်ငံခရီးစဉ်ကို ဒီကနေ့ စတင်လိုက်ပါတယ်။ ပိုလန်နိုင်ငံ၊ ဟန်ဂေရီနိုင်ငံနဲ့ ချက်ပြည်သူ့သမ္မတနိုင်ငံတွေကို သွားရောက်မှာ ဖြစ်ပါတယ်။ အခုသွားရောက်မယ့် ဥရောပ ၃ နိုင်ငံစလုံးဟာ မြန်မာပြည် ဒီမိုကရေစီရရှိရေး တစိုက်မတ်မတ် ထောက်ခံအားပေးခဲ့တဲ့ နိုင်ငံတွေဖြစ်သလို အရှေ့ဥရောပအတွင်း ဖိနှိပ်ချုပ်ချုယ်မှုအောက်ကနေ ရုန်းကန်လွတ်မြောက်ခဲ့ကြတဲ့ နိုင်ငံတွေလည်း ဖြစ်ပါတယ်။
ပထမဆုံးသွားရောက်မယ့် ပိုလန်နိုင်ငံခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြန်ကြားရေးတာဝန်ခံ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကိုဖြိုးဇေယျာသော် က ဗွီအိုအေမြန်မာပိုင်းကို အခုလို အတည်ပြုပြောဆိုပါတယ်။
“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ၄ ဦးကနေပြီးတော့ ဒီနေ့ညနေ ၆ နာရီခွဲ Thai Airway လေယာဉ်နဲ့ Europe ခရီးကို စတင်ထွက်ခွာမှာပါ။ ဒေါ်အောင်ဆန်းစုကြည်ရယ်၊ Personal Assistant ဖြစ်တဲ့ ဒေါက်တာတင်မာအောင်ရယ်၊ ပြီးသွားတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CEC လည်းဖြစ်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဒေါက်တာမျိုးအောင်၊ ဒီ Personal Aide အနေနဲ့ ကိုစိုးဝင်းရယ် သူတို့ ၄ ဦး ခရီးစပြီး ထွက်ဖြစ်ပါလိမ့်မယ်။”
ဒေါ်အောင်ဆန်းစုကြည်ဟာစက်တင်ဘာလ ၁၁ရက်နေ့မှာ ပိုလန်နိုင်ငံဝါဆောမြို့ အထက်လွှတ်တော်ဥက္ကဌ၊ အောက်လွှတ်တော်ဥက္ကဌတို့နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။ စက်တင်ဘာလ ၁၂ ရက်နေ့မှာတော့ ပိုလန်နိုင်ငံသမ္မတ၊ ပိုလန်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံဖို့ရှိပြီး ဝါဆောတက္ကသိုလ်မှာ “ပညာရေးနဲ့နိုင်ငံရေး” ဆိုတဲ့ခေါင်းစဉ်နဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံတွင်း ရင်ဆိုင်နေရတဲ့ အရေးကြီးတဲ့ စိန်ခေါ်အကဲစမ်းမှုတွေအကြောင်း ဟောပြောပို့ချ မှာ ဖြစ်ပါတယ်။ ဒီအခမ်းအနားကို ဝါဆောတက္ကသိုလ် အင်တာနက် ဝဘ်ဆိုက် စာမျက်နှာကနေ တိုက်ရိုက်ထုတ်လွှင့်မှာ ဖြစ်ပါတယ်။
“၁၁ ရက်နေ့ကျလို့ရှိရင် ပိုလန်နိုင်ငံ ဝါဆောမြို့ကို ရောက်မှာပါ။ ပိုလန် President နဲ့ တွေ့ဖို့ရှိသလို၊ ပိုလန်ရဲ့ Prime Minister နဲ့လည်း တွေ့ဖို့ရှိပါတယ်။ ပြီးသွားပြီဆိုရင်တော့ ဝါဆော University မှာ Lecture တခု ပို့ချမှာလည်းဖြစ်ပါတယ်။”
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပိုလန်နိုင်ငံအပြီးဆက်သွားမယ့် ဒုတိယ ဥရောပနိုင်ငံ ခရီးစဉ်ကတော့ ဟန်ဂေရီနိုင်ငံ ဖြစ်ပါတယ်။ ဟန်ဂေရီသမ္မတနဲ့ တွေ့ဆုံဖို့ရှိသလို ဟန်ဂေရီ လွှတ်တော်ဥက္ကဌနဲ့လည်း တွေ့ဆုံဖို့ရှိတဲ့ ဒီခရီးစဉ်နဲ့ ပတ်သက်ပြီး ကိုဖြိုးဇေယျာသော် က အခုလို ပြောပြပါတယ်။
“၁၃ ရက်နေ့ကျလို့ရှိရင်တော့ ဟန်ဂေရီနိုင်ငံကို ဆက်ပြီးသွားပါမယ်။ ဟန်ဂေရီရဲ့ President နဲ့လည်း တွေ့ဖို့ရှိသလို Corvinus University of Budapest မှာ ဟောပြောပို့ချဖို့ ရှိပါတယ်။ ၁၃ ရက်နေ့ကနေပြီး ၁၄ ရက်နေ့ကတော့ ဒါတော့ ခရီးပြန်ထွက်မယ့်ကာလပါ။”
ဟန်ဂေရီနိုင်ငံ Budapest တက္ကသိုလ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံရဲ့ “တော်လှန်ရေးမှသည် တိုင်းပြည် ပြန်လည်ထူထောင်ရေးဆီသို့” ဆိုတဲ့ခေါင်းစဉ်နဲ့ ပတ်သက်ပြီး ဟောပြောပို့ချမှာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း ဟန်ဂေရီ နိုင်ငံခြားရေးဝန်ကြီးနဲ့လည်း တွေ့ဆုံဖို့ရှိပါတယ်။
အဲ့ဒီနောက်မှာတော့ သူရဲ့ ဥရောပသုံးနိုင်ငံထဲက နောက်ဆုံးခရီးစဉ်အဖြစ် ချက်ပြည်သူ့ သမ္မတနိုင်ငံကို သွားရောက်ပြီး Prague မြို့မှာ ကျင်းပမယ့် ၁၇ ကြိမ်မြောက် Forum 2000 ညီလာခံကို တက်ရောက်မှာ ဖြစ်ပါတယ်။ စက်တင်ဘာ ၁၅ ရက်နေ့ကနေ စက်တင်ဘာ ၁၇ ရက်နေ့အထိ သုံးရက်တာ ကျင်းပမယ့် ညီလာခံမှာ ကွယ်လွန်သူ ချက်ခေါင်းဆောင် Vaclav Havel အတွက် ဂုဏ်ပြုတဲ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် က အဖွင့်မိန့်ခွန်း ပြောမှာ ဖြစ်ပါတယ်။
ကွယ်လွန်သူ ချက်သမ္မတ Vaclav Havel ဟာ မြန်မာ့ဒီမိုကရေစီရေး တစိုက်မတ်မတ် အားပေးထောက်ခံခဲ့သူဖြစ်တဲ့အတွက် မြန်မာနဲ့ ချက်ပြည်သူ့သမ္မတ နှစ်နိုင်ငံကြား မျှော်မှန်းထားရှိခဲ့တဲ့ ရည်ရွယ်ချက်တွေနဲ့ ပတ်သက်ပြီး ပြောကြားမှာဖြစ်ပါတယ်။
အဲ့ဒီညီလာခံကို တက်ရောက်လာတဲ့ ဥရောပပါလီမန်အမတ်လည်းဖြစ် Lithuania ခေါင်းဆောင်ဟောင်းနဲ့လည်း တွေ့ဆုံဖို့ရှိသလို၊ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် တောင်အာဖရိက သမ္မတဟောင်း F.W.D Klerk နဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။
စက်တင်ဘာ ၁၆ ရက်နေ့မှာတော့ ချက်သမ္မတအပါအဝင် နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံဖို့ရှိသလို Forum 2000 ညီလာခံမှာ မြန်မာနိုင်ငံတွင်း ပီပြင်တဲ့ အစိုးရကောင်းတရပ် ဖော်ဆောင်ရေးမှာ ရှိနေတဲ့ စိန်ခေါ်အကဲစမ်းမှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲလုပ်မှာ ဖြစ်တယ်လို့ ကိုဇေယျာသော် က ပြောပါတယ်။
စက်တင်ဘာလ ၁၇ ရက်နေ့မှာတော့ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ချဉ်းကပ်မှုအသစ် ပုံစံပြောင်းဖို့ လိုအပ်တယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ Forum 2000 ညီလာခံမှာ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ချက်ပြည်သူ့သမ္မတနိုင်ငံရဲ့ လွှတ်တော်ဥက္ကဌနဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။
“၁၅ ရက်နေ့ကျလို့ရှိရင် ၁၄ ရက်နေ့ညလောက် ရောက်လို့ရှိရင် ချက်နိုင်ငံ Prague မြို့ကို ရောက်ပါမယ်။ ချက်ကိုသွားရတဲ့ အဓိကရည်ရွယ်ချက်ဖြစ်တဲ့ Forum 2000 ကို Keynote Speech အနေနဲ့ ပြောဖို့တွေလည်းရှိပါတယ်။ ၁၇ ရက်နေ့ညမှာ မြန်မာနိုင်ငံကို ပြန်လာမှာပါ။ ဒါပေမဲ့ ရန်ကုန်ကို ရောက်တာကတော့ ၁၈ ရက်နေ့ညနေ ၆ နာရီခွဲ လေယာဉ်လောက်နဲ့မှ ပြန်ရောက်မှာပါ။”
ဒါဟာ နေအိမ်အကျယ်ချုပ် လွတ်မြောက်ပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒုတိယအကြိမ်မြောက် ဥရောပခရီးစဉ်လည်း ဖြစ်ပါတယ်။ စက်တင်ဘာလ ၂၀ ရက်နေ့မှာတော့ စင်္ကာပူနိုင်ငံမှာ ကျင်းပမယ့် ညီလာခံကို တက်ရောက်မှာဖြစ်ပြီး စင်္ကာပူရောက် မြန်မာနိုင်ငံသားတွေနဲ့လည်း တွေ့ဆုံဖို့ရှိပါတယ်။