Mississippi အထက်လွှတ်တော်အမတ် အဆိပ်ပါ စာအိတ်အပို့ခံရ

အထက်လွှတ်တော်အမတ် Roger Wicker

Mississippi ပြည်နယ် Republican အထက်လွှတ်တော်အမတ် ရော်ဂျာ ဝစ်ကာ (Roger Wicker) ထံကို ပေးပို့တဲ့ စာအိတ်မှာ လူကိုသေစေတဲ့ ကြက်ဆူစေ့က ထွက်တဲ့ အဆိပ်ကို စစ်ဆေး တွေ့ရှိရတယ်လို့ လွှတ်တော်ရုံး အရာရှိတွေက ပြောပါတယ်။

စာကို အမေရိကန် လွှတ်တော်ရုံးကို လွဲှပြောင်းပေးပြီးတဲ့ စာတိုက်တခုမှာ တွေ့ရတာပါ။ စာအိတ်ကို နှစ်နေရာ စစ်ဆေးပြီး ricin အဆိပ် တွေ့ရတယ်လို့ လုံခြုံရေး အရာရှိတွေက ပြောပါတယ်။ စစ်ဆေးမှုတွေကိုတော့ ဆက်လုပ်နေဆဲပါ။

ဒီကြက်ဆူစေ့က ထွက်တဲ့ အဆိပ်ဟာ အလွန်ပြင်းထန်တဲ့ အဆိပ်မျိုးဖြစ်ပြီး၊ သေးငယ် တဲ့ အစက် တစက်နဲ့တင် လူကြီးတဦးကို သေစေနိုင်ပါတယ်။