NUG ကို ပြည်ပရောက်အစိုးရအဖြစ် သုံးနှုန်းပြောဆိုမှု ပြောခွင့်ရ တုံ့ပြန်

Your browser doesn’t support HTML5

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ယာယီသမ္မတနဲ့ ပြည်ထောင်စု ဝန်ကြီးချုပ်အပါအဝင် ထိပ်ပိုင်းခေါင်းဆောင် အများစုဟာ မြန်မာပြည်တွင်းမှာပဲ အခြေစိုက် အလုပ်လုပ်နေကြတာဖြစ်လို့ NUG ဟာ နိုင်ငံတကာ သတင်းမီဒီယာတချို့ သုံးနှုန်းပြောနေသလို ပြည်ပရောက်အစိုးရ မဟုတ်ပါဘူးလို့ သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇောက ပြောပါတယ်။