Trump လူဝင်မှုကြီးကြပ်ရေးမူဝါဒ နဲ့ အလားအလာရှိသောအပြောင်းအလဲများ

မအင်ကြင်းနိုင် (VOA) နဲ့ မြန်မာကွန်မြူနတီ ၀န်ဆောင်မှုအဖွဲ့ဥက္ကဌ စတီဗင်စန်းယု

အမေရိကန် ရွေးကောက်ခံ သမ္မတ Donald Trump လက်ထက် တင်းတင်းကြပ်ကြပ် ကိုင်တွယ်မယ့် လူဝင်မှုကြီးကြပ်ရေးဥပဒေကြောင့် မြန်မာနိုင်ငံလို နိုင်ငံရေး၊ စီးပွားရေး အကျပ်အတည်း ရင်ဆိုင်နေရတဲ့ တတိယနိုင်ငံတွေက ရွှေ့ပြောင်းအခြေချ နေထိုင်သူတွေအတွက် ဘယ်လောက်အထိ အကျိုးသက်ရောက်မှုတွေ ရှိမလဲ။ လက်ရှိ အမေရိကားကို ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ ဘာတွေသတိထားဖို့ လိုမလဲ။ နယူးယောက်ပြည်နယ် Buffalo မြို့က မြန်မာကွန်မြူနတီ ၀န်ဆောင်မှုအဖွဲ့ဥက္ကဌ စတီဗင်စန်းယု ကို မအင်ကြင်းနိုင်က Zoom ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

စတီဗင်စန်းယု ။ ။ လက်ရှိ သမ္မတဘိုင်ဒိုင် ချမှတ်ခဲ့တဲ့ ပေါ်လစီမှန်သမျှကို အထူးသဖြင့် Immigration နဲ့ ပတ်သက်တဲ့ ပေါ်လစီမှန်သမျှကို အကုန်လုံး သူက Turn over လုပ်မှာ။ အကုန်လုံး သူက ပြောင်းပစ်မှာ။ အမြန်ဆုံးနည်းနဲ့ As soon as possible လို့ သူက အဲဒီလို ပြောသွားတယ်။ ဒါက ဖက်ဒရယ်ဥပဒေ ဖြစ်တဲ့အတွက် တနိုင်ငံလုံးနဲ့ သက်ဆိုင်တယ်။ ဆိုတော့ အဲ့ဒါအကျိုး သက်ရောက်မှု့ရှိတယ်။ ဘာလို့ဆို ကျနော်တို့ ဗမာပြည်သားတွေလည်း စစ်အစိုးရ အာဏာသိမ်းပြီးတဲ့နောက်မှာ နိုင်ငံတကာကို ထွက်လာတာတွေ ရှိတယ်။ အမေရိကန်ကို နည်းမျိုးစုံနဲ့ ရောက်လာတာတွေ ရှိတယ်။ အထူးသဖြင့် TPS သမားတွေ၊ ပြီးရင် Visit Visa နဲ့ လာတဲ့သူတွေ၊ ကျောင်းသားဗီဇာနဲ့ လာတဲ့သူတွေ၊ ပြီးရင် TPS လျှောက်တာတွေ အနေအထားတွေ။ အဲဒီဟာတွေမှာလည်း အကျိုးသက်ရောက်မှု့ရှိတယ်။ ဘာလို့လဲဆိုတော့ သူ့ရဲ့ အစီအစဥ်က TPS အစီအစဥ်လည်း ရပ်ပစ်မယ့် အစီအစဥ် ရှိတယ်။ ပြီးရင် DV Lottery ကိုလည်း ရပ်ပစ်မယ့် အစီအစဉ် ရှိတယ်။ အဲဒီတော့ ဘယ်နည်းနဲ့မဆို ကျနော်တို့ မြန်မာနိုင်ငံသားတွေ အတွက်လည်း အကျိုး သက်ရောက်မှု့ ရှိတယ်။
မအင်ကြင်းနိုင် ။ ။ စောစောက Green Card လိုဟာမျိုး၊ TPS လိုဟာမျိုးတွေကို သူရပ်ပစ်မယ်ဆိုတော့ ဒါပေမယ့် ဒီအစီအစဥ်တွေက အမေရိကန်အစိုးရ အဆက်ဆက်က အကောင်အထည် ဖော်ခဲ့တာ မဟုတ်ဘူးလားရှင့်။

ဖြေ ။ ။ ဟုတ်ကဲ့ခင်ဗျ။ အဲ့ဒါက တချို့ဟာတွေကကျတော့ လွှတ်တော်ရဲ့ အတည်ပြုချက်ကို ယူဖို့လိုတယ်။ ဒါပေမယ့် လက်ရှိ ပထမသက်တမ်းရဲ့ ဒုတိယ နှစ်ဝက်လောက် ၂ နှစ်လောက်အတွင်းမှာ သူက အမြန်ဆုံးနည်းနဲ့ ဥပဒေတွေကို ပြင်ဆင်တာတွေ၊ ပြောင်းလဲတာတွေ လုပ်နိုင်တဲ့ အနေအထား ရှိတယ်။ ဘာကြောင့်လဲဆိုတော့ နှစ်ဝက်သက်တမ်းမှာ ကြားဖြတ်ရွေးကောက်ပွဲတွေ ပြန်လုပ်ရင် ဒီမိုကရက်က ပြန်ပြီးတော့ လွှတ်တော်ထဲမှာ ပြန်ပြီးကြီးစိုးနိုင်တဲ့ အနေအထားတွေ ရှိတယ်။ ဒါကို သူတို့လည်း ကြိုတင်ပြီးတော့ ပြင်ဆင်ထားတာတွေ ရှိတယ်။ ဒါကတော့ ကျနော် သုံးသပ်ရသလောက် အမြန်ဆုံးနည်းနဲ့ ပြင်ဆင်တာတွေ လုပ်လိမ့်မယ်။ နောက်ပြီး အခုနလိုမျိုး အစဥ်အလာက သမ္မတ အဆင့်ဆင့်က ထိန်းသိမ်းလာတဲ့၊ လုပ်လာခဲ့တာတွေကိုလည်း ထရန့်က သိပ်ပြီးတော့ ဂရုစိုက်တဲ့ပုံ မရှိဘူး။ ဘာကြောင့်လဲဆိုတော့ သုံးသပ်တာတွေ ခန့်မှန်းတာတွေက အရင် ပထမတကြိမ် သမ္မတဖြစ်တုန်းအခါမှာ လုပ်ခဲ့တဲ့ သင်ခန်းစာတွေလည်း အများကြီး ရှိတယ်။ TPS ဆိုရင် အရင်သမ္မတပေးခဲ့တာတွေကို သူသမ္မတဖြစ်တော့ ချက်ချင်းပယ်ပစ်လိုက်တာတွေ ရှိတယ်။ အဲ့ဒါ သုံးသိန်းကျော်ပေါ့။ အခုကလက်ရှိ (၁၆) နိုင်ငံ TPS status ပေးထားတာ ၁၆ နိုင်ငံ ရှိတယ်။ အဲဒီအထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်တယ်။ မြန်မာနိုင်ငံကတော့ နည်းတယ်။ ဘာပဲပြောပြော အဲဒီဟာတွေ လုပ်လိုက်တော့ ဗမာပြည်တို့၊ ဥရောပတို့၊ အာရှတို့ သူက ရွေးမှာ မဟုတ်ဘူး။ ဘာလို့ဆို သူက Immigration Policy ဖြစ်တဲ့အတွက် ဖက်ဒရယ် ဥပဒေဖြစ်တဲ့အတွက် ဒီဥပဒေအတိုင်းပဲ သူလုပ်မယ်။ ICE ကလည်း လုံးဝ တင်းတင်းကြပ်ကြပ် လုပ်မယ်။ ဘာလို့ဆို သူတို့ကို တာဝန်ပေးပြီဆိုတော့ ICE လုပ်ပိုင်ခွင့်က ကျနော်တို့ ပေါ့ပေါ့တွေးလို့ မရဘူး။ အခုလက်ရှိ အချိန်ထိက သမ္မတဘိုင်ဒန် လက်ထက်မှာ ဉပေဒေအရ Church ကျောင်းတွေ ဒုက္ခသည်တွေ ခိုလှုံနေတာ ရှိတယ် - တရားမဝင်လူတွေ။ Church ကျောင်းတွေ၊ စာသင်ကျောင်းတွေမှာ ခိုလှုံနေတဲ့လူတွေကို ဝင်ရောက် စစ်ဆေးခွင့် မရှိဘူး။ ဒါပေမဲ့ အခုအလှည့်ကျတော့ သူက စစ်ဆေးပိုင်ခွင့် ရှိတယ်။ ဝင်ရောက် စစ်ဆေးနိုင်တယ်။ အလုပ်တွေ၊ စားသောက်ဆိုင်၊ လုပ်ငန်းခွင်တွေ အဲ့ဒါကြောင့် ကျနော်တို့ သတိထားဖို့တော့ လိုတယ်။

မေး ။ ။ အဲဒီ TPS နဲ့ပတ်သက်ပြီးတော့ နည်းနည်းလေး ကျမတို့ရဲ့ ဗီအိုအေက နားထောင်တဲ့ သူတွေလည်း သိရအောင်လို့ အဲ့ TPS ကို နည်းနည်းလေး ရှင်းပြပေးပါလားရှင့်။

ဖြေ ။ ။ Temporary Protection Status ဆိုတဲ့ ယာယီအကာအကွယ်ပေးတယ်ပေါ့။ အဲဒီဟာက သမ္မတက သူ့ဟာသူ လုပ်ပိုင်ခွင့်နဲ့ အမိန့်ထုတ်ပြီး လုပ်တာ မဟုတ်ဘဲနဲ့ ဒါကလည်း အစဥ်အလာပေါ့။ လွှတ်တော်ရဲ့ ခွင့်ပြုချက် ရပြီးတဲ့ နောက်ပိုင်းမှသာ သမ္မတကနေ လက်မှတ်ထိုးပြီးတော့ ဒီလို ဥပဒေတွေ Status ဖြစ်လာတာပေါ့လေ။ ဆိုတော့ သူက ဘယ်လိုလုပ်ပြီးရင် ကာကွယ်ပေးတဲ့ Status ဖြစ်လဲဆိုတော့။ အခုက မတည်ငြိမ်တဲ့နိုင်ငံတွေမှာ အထူးသဖြင့် ဗမာပြည်လိုမျိုးပေါ့လေ။ ဗမာ တနိုင်ငံထဲတော့ မဟုတ်ဘူးပေါ့လေ။ အခြားနိုင်ငံတွေလည်း ရှိတယ်။ အဲ့ဒီတော့ နိုင်ငံတည်ငြိမ်မှု့ မရှိတဲ့ နိုင်ငံတွေ၊ အကြမ်းဖက်မှု့တွေဖြစ်တဲ့ နိုင်ငံတွေ၊ အာဏာသိမ်းခံရတဲ့ နိုင်ငံတွေ၊ ပြီးရင် ငတ်မွတ်ခေါင်းပါးတဲ့ နိုင်ငံတွေ သဘာဝဘေးအန္တရာယ်နဲ့ ကြုံတဲ့နိုင်ငံတွေ၊ ဉပမာ ဟေတီနိုင်ငံမျိုး - မြေငလျင်လှုပ်ခံရ။ အဲဒီလိုနိုင်ငံတွေက လာတဲ့သူတွေကို ယာယီကာကွယ် စောင့်ရှောက်မှု့ပေးတဲ့ Program အစီအစဥ် ဖြစ်တယ်။

မေး ။ ။ ကျမ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး မေးချင်တာ (၂) ပိုင်းပေါ့နော်။ အခုလက်ရှိ အမေရိကန်ပြည်ထောင်စုကို ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ အတွက်ကြတော့ အခု ထရန့် တက်လာမယ့် အချိန်မှာ သူတို့အတွက် လူဝင်မှု့ ကြီးကြပ်ရေးကိစ္စတွေက ဘယ်လိုပုံစံ ဖြစ်လာမလဲရှင့်။

ဖြေ ။ ။ ဗမာနိုင်ငံသားတွေအတွက် တခုထဲကို ပြောတာထက်စာရင် လူဝင်မှု့ကြီးကြပ်ရေး ဥပဒေနဲ့ ပတ်သက်ပြီး လူဝင်မှု့ကြီးကြပ်ရေးကိစ္စတွေကို ကိုင်တွယ်မယ့် အကြောင်းအရာတွေပေါ့လေ။ သူကတော့ တပြေးထဲ လုပ်မယ်။ တပြေးထဲ သွားမယ်။ နောက်တခု ကျနော်တို့က သတိထားရမှာက အထူးသဖြင့် ကျနော်တို့က သတိထားရမှာက အာရှသားတွေ ဖြစ်တဲ့အတွက် တရုတ်ပုံနဲ့ ဆင်တယ်။ အရင်လည်း ရှိခဲ့တယ်ပေါ့နော်။ အဲဒီတော့ Chinese ဆိုတဲ့ ပုံစံမျိုးနဲ့ ထင်ပြီးရင် Hate Crime အဲဒီလိုမျိုးတွေလည်း ကျနော်တို့က သတိထားဖို့ လိုအပ်တယ်။ ပြင်ဆင်ထားဖို့ လိုအပ်တယ်။ ပြင်ဆင်ထားဖို့ လိုအပ်တယ်။ ဘယ်လို ပြင်ဆင်ရမလဲဆိုတော့ အခုနလိုမျိုးပေါ့ - နေထိုင်ရာမြို့နယ်တွေ၊ ကိုယ်နေတဲ့ ပြည်နယ်တွေမှာ အဖွဲ့အစည်းတွေ ရှိတယ်။ လူမှုအဖွဲ့အစည်းတွေ၊ ဥပဒေ အထောက်အကူပြု အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ထားဖို့ အဆင်မပြတ် သတင်းတွေ နားစွင့်ထားဖို့ လိုတယ်။ ဘာလို့လဲဆိုတော့ Chinese ဆိုတဲ့ ပုံစံမျိုးနဲ့ အမုန်းတရားတွေပါ ဆက်လာမယ့် ပုံစံမျိုး ရှိတယ်။

မေး ။ ။ အခု ဘိုင်ဒန်အစိုးရလက်ထက်မှာ မြန်မာနိုင်ငံက ဒုက္ခသည်တွေကို အစုလိုက်အပြုံလိုက် ခေါ်တဲ့ကိစ္စပေါ့နော်။ မကြာသေးခင်က ထိုင်းနိုင်ငံမှာ လက်ကျန်ရှိနေတဲ့ ဒုက္ခသည်တွေကို ခေါ်ယူတဲ့ကိစ္စတွေ လုပ်နေတယ်။ အဲဒီလိုမျိုးပေါ့နော်။ နောက် မလေးရှားတို့ တခြားနိုင်ငံတွေမှာလည်း မြန်မာဒုက္ခသည်တွေ ရှိနေတာဘဲဆိုတော့ သူတို့တွေကို အစုလိုက်အပြုံလိုက် ဒုက္ခသည်တွေ ခေါ်ယူရေးကိစ္စက ထရန့်လက်ထက်မှာကော ဘယ်လိုဖြစ်လာနိုင်လဲရှင့်။

ဖြေ ။ ။အဲ့ဒါက လုံးဝရပ်တန့်သွားမယ့် အနေအထား ရှိတယ်။ Process ကို သူတို့က အမေရိကကို လာဖို့ ခရီးစဥ်တွေမှာ အဆင်သင့် လုပ်ထားပြီးသားကို အဓိကတော့ လေယဥ်လက်မှတ် ခရီးစဥ် ဘာညာ Register လုပ်ထားပြီးသားဆိုရင်တော့ ပြဿနာ မရှိဘူး။ ဒါတွေက သူ့ Process ပြီးတဲ့အချိန်ထိ အခုလောလောဆယ်ထိတော့ သွားမယ်။ ဘာလို့လဲဆိုတော့ ဒီအဆင့်ထိကို ရောက်ဖို့အတွက်က အများကြီးပဲလေ အဆင့်ဆင့် ဖြတ်ကျော်ရတာ Process တွေ။ ဘာလို့ဆို ဒုက္ခသည် ကူညီစောင့်ရှောက်ရေး အဖွဲ့ Washington DC မှာ ရုံးချုပ် ရှိတယ်။ အဲဒီကနေတဆင့် သူက သက်ဆိုင်ရာ ပြည်နယ်တွေက အမေရိကမှာရှိတဲ့ ပြည်နယ်တွေကို သူက ခွဲတမ်းနဲ့ ခွဲချပေးတာပေါ့။ အဲဒီဟာတွေအတွက်ကိုလည်း အဲဒီအရေအတွက်တွေအတွက်ကိုလည်း သက်ဆိုင်ရာ အေဂျင်စီကို ပြည်နယ်အလိုက် ဗဟိုအစိုးရကနေပြီးတော့ ထောက်ပံ့ကြေးခွဲထားပြီးပြီ။ အဲဒီတော့ သူတို့က ပိုက်ဆံ ရနေပြီ။ အဲဒီတော့ လာမယ့်သူတွေကို ကူညီ‌ထောက်ပံ့ဖို့။ အဲဒီအတွက်ကတော့ ပြဿနာ မရှိဘူး။ ဒါပေမဲ့ လမ်းတဝက်က လာမယ့် ခရီးစဥ်အတွက် Process ၅၀ လောက်ပဲ ပြီးတဲ့သူတွေအတွက် နောက်ပြီးရင် လာမယ့်သူတွေအတွက်က နည်းနည်း စိုးရိမ်စရာ ရှိတယ်။ အဲ့ဒါတွေကတော့ သူက ရပ်ပစ်မယ့် အနေအထား ရှိတယ်။ ဘာလို့ဆို သူက Transition ဖြစ်ပြီဆိုတာနဲ့ အိမ်ဖြူတော် ရောက်ပြီဆိုတာနဲ့ သမ္မတဘိုင်ဒန် လုပ်ထားတဲ့ ဥပဒေတွေ ချက်ချင်း Turn over လုပ်မယ်ဆိုပြီးတော့ သူက ပြောတယ်။ တော်တော် ပြင်းပြင်းထန်ထန် အထူးသဖြင့် Immigration ကိစ္စတွေ လူဝင်မှုကြီးကြပ်ရေး ကိစ္စတွေကို လုံးဝ ရပ်တန့်သွားအောင် ကိုင်တွယ်မယ်ဆိုတာ တိတိကျကျ ပြောတယ်။

မေး ။ ။ ဒါပေမဲ့ အမေရိကန်သမိုင်းကို ကြည့်မယ်ဆိုရင် သမ္မတအိုဘားမား လက်ထက်တုန်းကလည်း တရားမဝင် နေထိုင်နေကြတဲ့သူ လူပေါင်း (၄) သိန်းကျော်ကို ပို့ခဲ့တယ်ဆိုတဲ့ နမူနာလည်းရှိခဲ့တော့ ထရန့်က သူပြောတဲ့ တရားမဝင်သူတွေကို ပြန်ပြီးတော့ ပို့မယ်ဆိုတာတွေက ဘယ်လို ကွာခြားမှု့ ရှိပါသလဲ။

ဖြေ ။ ။ ကွာခြားမှု ရှိတယ်။ သမ္မအို‌ဘားမား လက်ထက်ကြတော့ သူက ချောမွေ့တယ်၊ အကြမ်းတမ်း ကိုင်တွယ်တာမရှိဘူး။ Smooth ဖြစ်တယ်။ ဘာလို့လဲဆိုတော့ ဥပဒေပဲ ကြည့်တာ။ ဒီမိုကရက်ရယ်လို့၊ ရီပက်ဘလင်ကန်ရယ်လို့ ကောင်းတာ ဆိုးတာတွေကို ကြည့်တာ မဟုတ်ဘူး။ ဥပဒေကြောင်းအရ ကိုက်ညီမှုရှိ မရှိ။ ဒီလူတွေက တရားဝင်မှု ရှိမရှိ အဲဒီအပေါ်မှာပဲ သူက ကြည့်ပြီး ဆုံးဖြတ်တာ။ အဲဒါကြောင့် သေချာတာကတော့ သူက လုံးဝကိုင်တွယ်မယ်။ ဒါပေမဲ့ ကိုင်တွယ်မယ့် အရေးကလည်း ဒီလောက်များတဲ့ အရေအတွက်ပေါ့နော်။ ၁၁ သိန်း ၁၂ သိန်း ၁၃ သိန်း အဲဒီလောက် အ‌ရေအတွက်ကြီးကို ချက်ချင်း ပို့လို့မရဘူး။ ပို့လို့လည်း မနိုင်ဘူး။ ဒါပေမဲ့ သူအချိန် အတိုင်းအတာ တခုယူရမယ်။ ပြီးရင် ဝန်ထမ်းတွေ ပိုပြီးခန့်ရဖို့ဘဲ ရှိတယ်။ အခုကတော့ ICD ဝန်ထမ်းက အထူ့သဖြင့် ပြန်ပို့တဲ့သူတွကို ပြည်နှင်ဒဏ်ပေးတဲ့ လူတွေ၊ ဖမ်းစီးစစ်ဆေးတာ ကိုင်တွယ်တဲ့ ဝန်ထမ်းအရေအတွက်က ၇၀၀၀ လောက်ပဲ ရှိတာကို တနိုင်ငံလုံးမှ ဆိုတော့ အဲဒီလောက် ၇၀၀၀ အရေအတွက်နဲ့ သန်းချီရှိတဲ့ လူတွေကို လပိုင်းအတွင်းမှာ ပြန်ပို့ဖို့ဆိုတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ သူက ပြောထားပြီးသား ပထမ ရက်ပေါင်း (၁၀၀) အတွင်းမှာ သူက အပြီးအပြတ်လုပ်ဖို့ ရှိတယ်။ ပြည်နှင်ဒဏ်ပေးတဲ့ကိစ္စကို။

မေး ။ ။ အဲဒါဆိုရင် လူဝင်မှု့ကြီးကြပ်ရေးကိစ္စနဲ့ ပတ်သက်ရင် ထရန့်က အခုဒီတကြိမ် သူယူမယ့် သက်တမ်းမှာ အကြီးအကျယ်ဒါကို ဘာလို့ပြဌာန်းပြီးတော့ ပြောဆိုနေတာလဲ။

ဖြေ ။ ။ အဲ့ဒါကလည်း နည်းနည်း‌ပြောရခက်တယ်။ ဘာလို့လဲဆိုတော့ ဒါက ထင်မြင်ချက် သုံးသပ်ချက်တွေ ရှိတယ်။ ကျနော်လည်း အဲ့ဒါကို အဲဒီလောက်ကြီး အတိအကျကြီးကြတော့လည်း ပြောလို့ မရဲဘူး။ ဘာကြောင့်လဲဆိုတဲ့ဟာကို။ သူကတော့ အဓိကကတော့ ရွေးကောက်ပွဲမှာ အဲ့ဒါကို အဓိက Highlight လုပ်တယ်။ အမေရိကန်နိုင်ငံထဲမှာ ဝင်လာတဲ့ အဲဒီလူတွေ သုံးနေတဲ့ ကုန်ကျစရိတ်တွေ၊ သူက စီးပွားရေးသမားဆိုတော့ အနှုတ်လက္ခဏာ ဆောင်တဲ့ဟာကိုပဲ သူက ကြည့်တာ။ အပေါင်းလက္ခဏာ ဆောင်တဲ့ဟာကို မကြည့်ဘူးပေါ့လေ။ အခုနကလိုမျိုး ပြောမယ်ဆိုရင် သမ္မတဘိုင်ဒန်လို ဒီမိုကရက်တစ် လမ်းကြောင်းကကြတော့ အခုနကပြောခဲ့တယ်။ တရားမဝင် လူတွေ ပေးဆောင်နေတဲ့ အခွန်တွေ (၄) ရာခိုင်နှုန်းကျော် ရှိတယ်။ 4.6 percent ဒါက တနိုင်ငံလုံး အလုပ်သမား အရေအတွက်ရဲ့ အချိုးအစားပေါ့လေ။ ဒါတရားမဝင် အရေအတွက်က အဲဒီလောက် ရှိတယ်။ ၄ ရာခိုင်နှုန်းကျော် ၅ ရာခိုင်နှုန်းနီးပါး ရှိတယ်။ ပြီးရင် အခုန အခွန်ပေးဆောင်တဲ့ ငွေကလည်း ဘီလီယံပေါင်း မနည်းဘူး။ ၇၆ ဘီလီယံကျော်တယ် ထင်တယ်။ အဲဒီအခါကြတော့ ဒီလူတွေရဲ့ အကျိုးပြုမှုကလည်း မနည်းဘူး။ ဒါပေမဲ့ တပြိုင်ထဲမှာလည်း အခုနကလိုမျိုး မူးယစ်ဆေးဝါးကိစ္စတွေ ဝင်လာတာတွေလည်း ရှိတယ်။ ရာဇဝတ်မှုတွေလည်း ရှိတယ်။ ဒါကတော့ ပြောလို့ မရဘူး၊ ငြင်းလို့ မရဘူးပေါ့လေ။ နယ်စပ်က ဝင်လာတာတွေ ရှိတယ်။ အဲဒီဟာတွေကို သူက အကြောင်းပြတာပေါ့နော်။ အဲ့ဒါကို တိုက်ထုတ်ဖို့ လိုတယ်၊ မောင်းထုတ်ဖို့ လိုတယ်။ ပြီးရင် ကျနော် ထင်တာက သုံးသပ်ရသလောက်ပေါ့နော်။ သူတို့ ရေရှည်ဗျူဟာကို ကြည့်တာပေါ့။ လူအင်အား အမေရိကန် လူဖြူတွေရဲ့ အရေအတွက် နည်းလာတာတွေ ရှိတယ်။ အပြင်ကဝင်လာသူတွေက အင်မတန် အဆမတန် များလာတယ်။ များလာတဲ့အခါကြတော့ သူတို့ ရေရှည်မှာ ဒီနိုင်ငံကို မထိန်းနိုင်၊ သူတို့ မလုပ်နိုင်မှာကို စိုးရိမ်တဲ့ အနေအထား ရှိမယ်လို့ ကျနော်ထင်တယ်။ ဒါကြောင့် ဒီဟာကို အမြန်ဆုံးနည်းနဲ့ ပြုပြင်ပြောင်းလဲဖို့ လိုတယ်ဆိုပြီးတော့ ဗျူဟာချပြီးတော့ လုပ်တာ။

မအင်ကြင်းနိုင် ။ ။ ကျေးဇူးတင်ပါတယ် ကိုစတီဗင်၊ အခုလိုမေးတဲ့ မေးခွန်တွေကို ဖြေကြားပေးတာ။ အချိန်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်ရှင့်။
ကိုစတီဗင် ။ ။ ဟုတ်ကဲ့ ကျေးဇူးပါ။