ရုရှားသတင်းစာဆရာရဲ့ လေလံတင် နိုဘဲလ်ငြိမ်းချမ်းရေးဆု ဒေါ်လာ ၁၀၃ သန်းခွဲရ

ယူကရိန်းစစ်ပွဲအတွင်းက အိုးအိမ်မဲ့ကလေးတွေကိုကူညီဖို့ ရုရှားသတင်းစာဆရာ၊ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် Dmitry Muratov က နယူးယောက်မြို့မှာ သူ့ရဲ့ ငြိမ်းချမ်းရေးဆုတံဆိပ်လေလံတင်ပွဲ။ (ဇွန် ၂၁၊ ၂၀၂၂)

[[Zawgyi/Unicode]]

ယူကရိန်းစစ်ပွဲအတွင်း အိုးမဲ့အိမ်မဲ့ ကလေးငယ်တွေကို ကူညီဖို့ နိုဘယ်ငြိမ်းချမ်းရေးဆုကို လေလံတင် ရောင်းချတဲ့ ရုရှားသတင်းစာဆရာ Dmitry Muratov မနေ့က သူဆုအတွက် ဒေါ်လာ ၁၀၃ သန်းနဲ့ ၅ သိန်း ရရှိသွားပါတယ်။

Dmitry Muratov ဟာ ရုရှားနိုင်ငံရဲ့အကြီးဆုံး လွတ်လပ်တဲ့သတင်းစာ တစောင်ဖြစ်တဲ့ Novaya Gazeta သတင်းစာရဲ့ အယ်ဒီတာဖြစ်သလို ၂၀၂၁ ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုကို ပူးတွဲ ရရှိသူဖြစ်ပါတယ်။
တနလာၤနေ့ကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့မှာပဲ အထိမ်းအမှတ်အဖြစ် နယူးယောက်မှာရှိတဲ့ Heritage Auctions အဖွဲ့ကတဆင့် လေလံတင်ရောင်းချတာပါ။ နိုဘယ်ဆုကို ဘယ်သူက

Dmitry Muratov အယ်ဒီတာတာဝန်ယူတဲ့ Novaya Gazeta သတင်းစာဟာ ရုရှားသမ္မတ Vladimir Putin ရဲ့ အစိုးရကို အပြင်းအထန် ဝေဖန်ဆန့်ကျင်ရေးသားလေ့ရှိပါတယ်။ Dmitry Muratov ဟာ ဖိလစ်ပိုင် သတင်းစာဆရာ Maria Ressa နဲ့အတူ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ လွတ်လပ်စွာထုတ်ဖေါ်ခွင့်အတွက် ကြိုးပမ်းမှုတွေအတွက် ၂၀၂၁ ခုနှစ်မှာ နိုဘယ်ငြိမ်းချမ်းရေးဆု ပူးတွဲချီးမြှင့်ခံခဲ့ရပါတယ်။

အခု နိုဘယ်ဆု လေလံ ရောင်းရငွေကို ယူကရိန်းစစ်ပွဲအတွင်း အိုးမဲ့အိမ်မဲ့ ဒုက္ခရောက်တဲ့ ကလေးငယ်တွေအတွက် ကုလသမဂ္ဂ ကလေးများရံပုံငွေအဖွဲ့ UNICEF ရဲ့ ကူညီထောက်ပံ့မှုတွေအတွက် ပေးအပ်မှာဖြစ်ပါတယ်။

Your browser doesn’t support HTML5

06-21-2022 Russia Noble Price Auction for Web (TMT).mp3

===========

[[Unicode]]






===========