သောကအမောတွေ ပြေလျော့စေဖို့ ပီတိအိမ်

Your browser doesn’t support HTML5

တရားမဝင်နေထိုင်နေကြရတဲ့ မြန်မာတွေအတွက် စိတ်သက်သာရာ ဖန်တီးပေးနေတဲ့ နေရာလို့ဆိုပါတယ်။ Frontier Myanmar က ဒို့အသံအစီအစဉ်မှာ တင်ဆက်ထားပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် နှစ်စမှာ စစ်အာဏာသိမ်းလိုက်လို့ လူတန်းစားအလွှာမျိုးစုံရဲ့ ဘဝတွေ ကမောက်ကဖြစ် ပြိုပျက်ခဲ့ရပါတယ်။ အသက်တွေပျက်သုန်း၊ အိုးအိမ်တွေပျက်ဆုံးနဲ့ ရှိကြတဲ့အပြင်၊ စစ်အာဏာရှင်ရဲ့ တိုက်ခိုက်မှု၊ ဖမ်းဆီးမှုကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးခိုလှုံလာကြသူတချို့ကတော့ ထိုင်းနယ်စပ်မဲဆောက်မြို့လေးက ပီတိအိမ် ဆိုတဲ့ Joy House မှာ လာဆုံကြတာပါ။ တရားမဝင်နေထိုင်နေကြရတဲ့ မြန်မာတွေအတွက် စိတ်သက်သာရာ ဖန်တီးပေးနေတဲ့ နေရာလို့ဆိုပါတယ်။ Frontier Myanmar က ဒို့အသံအစီအစဉ်မှာ တင်ဆက်ထားပါတယ်။