ပြင်သစ်သမ္မတနဲ့ Donald Trump ပါရီမှာ တွေ့ဆုံ

ပြန်လည်ဖွင့်လှစ်တဲ့ ပါရီမြို့တော်က အထင်ကရ Notre Dame Cathedral ဘုရားရှိခိုးကျောင်းကြီး (AP Photo/Bernat Armangue)

အမေရိကန်ရွေးကောက်ခံသမ္မတ Donlad Trump နဲ့ ပြင်သစ်သမ္မတ Emmanuel Macron တို့ ဒီနေ့ ပြင်သစ်နိုင်ငံ ပါရီမြို့တော်မှာ တွေ့ဆုံကြပါတယ်။

ပါရီမြို့တော်က အထင်ကရ Notre Dame Cathedral ဘုရားရှိခိုးကျောင်းကြီးကို ပြန်လည်ဖွင့်လှစ်တဲ့ အခမ်းအနား တက်ရောက်ဖို့ ပါရီမှာ ရောက်နေတဲ့ Donald Trump နဲ့ ပြင်သစ်သမ္မတို့ Elysee Palace နန်းတော်မှာ တွေ့ဆုံကြတာ ဖြစ်ပါတယ်။

ပါရီမြို့ကို ရောက်နေတဲ့ ယူကရိန်းသမ္မတ Volodymyr Zelensky နဲ့လည်း Trump တွေ့ဆုံဖို့ရှိတယ်လို့ ယူကရိန်း တာဝန်ရှိသူတွေအပြောကို ကိုးကားပြီး ပြင်သစ်သတင်းတွေမှာ ဖော်ပြပါတယ်။ နိုဝင်ဘာ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီးနောက်ပိုင်း Donlad Trump ရဲ့ ပထမဆုံး နိုင်ငံခြားခရီးစဉ်အဖြစ် ပြင်သစ်နိုင်ငံကို သွားရောက်နေတာလည်း ဖြစ်ပါတယ်။

ပါရီမြို့တော်မှာ လွန်ခဲ့တဲ့ ၅ နှစ်ခွဲကျော်က မီးလောင်ပျက်စီးသွားခဲ့တဲ့ Notre Dame Cathedral ဘုရားရှိခိုးကျောင်းကြီးကို ဒီနေ့နှောင်းပိုင်းမှာ ပြန်လည်ဖွင့်လှစ်တဲ့ အခမ်းအနားကို ကမ္ဘာ့နိုင်ငံအကြီးအကဲတွေ၊ ဥရောပတော်ဝင်မိသားစုဝင်တွေ တက်ရောက်ကြမှာ ဖြစ်ပါတယ်။ အမေရိကန်သမ္မတ Joe Biden ကိုလည်း အခမ်းအနားတက်ဖို့ ဖိတ်ကြားခဲ့ပေမဲ့ တခြားအစီအစဉ် ရှိနေလို့ မသွားဖြစ်တာလို့ အိမ်ဖြူတော်ပြောခွင့်ရက ပြောပါတယ်။ အမေရိကန်ပြည်ထောင်စု ကိုယ်စားပြုအနေနဲ့ သမ္မတကတော် Jill Biden တက်ရောက်မှာ ဖြစ်ပါတယ်။