မြန်မာသိပ္ပံပညာရှင် မျိုးဗီဇသစ် ရှာတွေ့

မျိုးဗီဇအသစ်တခုကို ရှာဖွေတွေ့ရှိခဲ့သူ မြန်မာ သိပ္ပံပညာရှင် ဒေါက်တာ Barry Paw (ခေါ်) မောင်လှဖေနှင့် သူ၏ သုတေသနအဖွဲ့သားများ

အသစ်တွေ့ရှိချက်တွေထဲက ထူးခြားတဲ့ တွေ့ရှိချက်ကလေးတွေကိုမှ ကောက်နုတ် ဖော်ပြလေ့ ရှိတဲ့ The Nature စာစောင်မှာ နိုဝင်ဘာလ ၂၂ရက်နေ့က ဟားဗတ်တက္ကသိုလ် ဆေးကျောင်း က မြန်မာနိုင်ငံသား ဒေါက်တာ Barry Paw ခေါ် မောင်လှဖေရဲ့ တွေ့ရှိချက်တွေကို ဖော်ပြ ထားပါတယ်။

သူနဲ့ ရောင်းရင်းတွေ အသစ်တွေ့ရှိတဲ့ Gene လို့ ခေါ်တဲ့ မျိုးဗီဇသစ် ကတော့ သွေးအားကောင်းစေတဲ့ မျိုးဗီဇတမျိုးဖြစ်တဲ့ Atpifl (ATPase inhibitory factor-1) ဖြစ်ပါတယ်။ ဒါဟာ သူ့ရဲ့ ဒုတိယမြောက် တွေ့ရှိချက်ပါ။

အသက် ၆နှစ်အရွယ်ကစပြီး အမေရိကန်နိုင်ငံကို ရောက်နေတဲ့ မောင်လှဖေက သူရဲ့ တွေ့ရှိ ချက်တွေနဲ့ သုတေသနလုပ်ငန်းကို စုပေါင်း လုပ်ဆောင်ရင် ဘယ်လို အကျိုးရှိတယ် ဆိုတာတွေကို ပြောပြထားပါတယ်။