DVB သတင်းထောက် ကိုဇော်ဖေ ပြန်လွတ်

DVB သတင်းထောက် ဦးဇော်ဖေ Credit to DVB Burmese

မကွေးတိုင်း ပညာရေးမှူးရုံးမှာ ခွင့်ပြုချက်မရပဲ သတင်းရယူမှုနဲ့ ထောင်ဒဏ် တနှစ် ပြစ်ဒဏ် စီရင်ခံထားရတဲ့ DVB ဒီမိုကရက်တစ် မြန်မာ့အသံ မကွေးသတင်းထောက် ကိုဇော်ဖေ ခေါ် သူရသက်တင် ဟာ သောကြာနေ့က ပြန်လည် လွတ်မြောက်လာပြီ ဖြစ်ပါတယ်။

ကိုဇော်ဖေဟာ ဂျပန်ဖောင်ဒေးရှင်း တခုက ပေးအပ်တဲ့ ပညာသင်ဆုရွေးချယ်ပုံနဲ့ ပတ်သက်လို့ မကွေးတိုင်းပညာရေး မှူးရုံးမှာ သတင်းယူဖို့ ကြိုးစားရင်း ဖမ်းဆီး ၂၀၁၂ ခုနှစ် မတ်လ ၂၅ ရက်နေ့မှာ တရားစွဲဆိုခံခဲ့ရတာ ဖြစ်ပါတယ်။

ကိုဇော်ဖေကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၄၈ ပိုင်နက်ကျူးလွန်မှု၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၅၃ ဝတ္တရားနှောင့်ယှက်မှုအရ ထောင်ဒဏ်တစ်နှစ်တို့ကို တပေါင်းထဲကျခံစေဖို့ တရားရုံးက အခုနှစ် ဧပြီလမှာ အမိန့်ချမှတ် လိုက်တာ ဖြစ်ပါတယ်။

ကိုဇော်ဖေနဲ့ ပူးတွဲ တရားခံဖြစ်တဲ့ တောင်တွင်းကြီးမြို့က ဝင်းမြင့်လှိုင် ခေါ် လှိုင်လှိုင်ကိုတော့ ပုဒ်မ ၄၄၈ အရ ထောင်ဒဏ် တနှစ်၊ ပုဒ်မ ၁၁၄ အရ ထောင်ဒဏ် တစ်နှစ်တို့ကို ပူးတွဲကျခံဖို့ မကွေးမြို့နယ် တရားသူကြီး ဒေါ်နန်းဟောက်နျန်က စီရင်ချက် ချလိုက်တာပါ။

ကိုဇော်ဖေနဲ့ သူ့ကို ကူညီပေးတဲ့ မြို့ခံကျောင်းသား မိဘတဦးဖြစ်တဲ့ ဦးဝင်းမြင့်လှိုင်တို့ကို ဧပြီလ ၇ ရက်နေ့က မကွေးတိုင်း မကွေးတရားရုံးမှာ ဥပဒေပုဒ်မ ၄၄၈၊ ဥပဒေပုဒ်မ ၃၅၃ တို့နဲ့ သရက်ထောင်မှာ အကျဉ်းကျခံနေရာနေ ဇူလိုင်လ ၃ ရက်နေ့က ၃ လ ပြင်ဆင် သတ်မှတ်လိုက်ပြီးနောက် ဇူလိုင်လ ၄ ရက်နေ့က ပြန်လွတ်လာတာပါ။