သဘာဝဘေး ကြိုတင်သတိပေးစနစ်များ

Your browser doesn’t support HTML5

ကမ္ဘာ့ပူနွေးမှုတိုးလာတာနဲ့အမျှ သဘာဝဘေးဒဏ်တွေလည်း ရှောင်လွှဲလို့မရနိုင်တာကြောင့် ထိခိုက်ပျက်စီးမှုနဲ့လူ့အသက်သေဆုံးမှု နည်းအောင်ကာကွယ်နိုင်မယ့် ကြိုတင်သတိပေးစနစ်တခုကို ကုလသမဂ္ဂက ဦးဆောင်ကြိုးပမ်းနေပါပြီ။ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာအစီအစဥ်မှာ နန်းလောင်ဝ်က တင်ပြထားပါတယ်။

ကမ္ဘာမှာ ပိုပြီးပူနွေးလာတာနဲ့အမျှ သဘာဝဘေးဒဏ်တွေလည်း ရှောင်လွှဲလို့မရနိုင်တော့တာကြောင့် ထိခိုက်ပျက်စီးမှုနဲ့ လူ့အသက်သေဆုံးမှု လျှော့နည်းအောင်ကာကွယ်နိုင်မယ့် ကြိုတင်သတိပေးစနစ်တခုကို ကုလသမဂ္ဂက ဦးဆောင်ကြိုးပမ်းနေပါပြီ။ သဘာဝဘေး ကြိုတင်သတိပေးသံမကြားခဲ့ရတဲ့ ဟာဝိုင်ယီပြည်နယ်၊ မာဝီကျွန်း မီးလောင်မှုမှာ လူရာဂဏန်း သေဆုံးခဲ့ရတဲ့အတွက် ကြိုတင်သတိပေးစနစ် တနည်းထက်မက ထားရှိဖို့ တပ်လှန့်လိုက်တာလည်းဖြစ်ပါတယ်။ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာအစီအစဥ်မှာ နန်းလောင်ဝ်က တင်ပြထားပါတယ်။