ယူကရိန်းနိုင်ငံ အရှေ့ပိုင်း Donetsk ဒေသမှာ ပြုလုပ်ခဲ့တဲ့ လူထုဆန္ဒခံယူပွဲအတွင်း မဲဆန္ဒရှင် ၈၉ % က သီးခြား လွတ်လပ်တဲ့ပြည်နယ် တည်ထောင်ဖို့ မဲပေးခဲ့ကြတယ်လို့ တနင်္ဂနွေနေ့က ပြုလုပ်တဲ့ လူထုဆန္ဒခံယူပွဲကို ဦးဆောင်ကျင်းပသူတွေက ပြောပါတယ်။
မဲရလာဒ်တွေ ဗုဒ္ဓဟူးနေ့ကျမှ တရားဝင် ထွက်လာမှာဖြစ်ပေမယ့် မဲပေးခွင့်ရှိသူ ၇၅ % မဲပေးခဲ့ကြပြီး အဲဒီအထဲက ၁၀ % က ခွဲထွက်မယ့်အဆိုကို ကန့်ကွက်ခဲ့ကြတယ်လို့ ခွဲထွက်ရေးသမားတွေက ပြောပါတယ်။
ဒါပေမယ့် မဲပေးတဲ့ပုံစံဟာ မဖြစ်မနေ အတင်းပြုလုပ်တဲ့ပုံစံဖြစ်ပြီး မဲတွေကို ဘယ်လို ရေတွက်မယ်ဆိုတဲ့ တိကျတဲ့သတ်မှတ်ထားမှု မရှိဘူးလို့ Donetsk မှာရှိနေတဲ့ ဗွီအိုအေ သတင်းထောက်က ပြောပါတယ်။
ယူကရိန်းနိုင်ငံက ခွဲထွက်ရေးအတွက် တနင်္ဂနွေနေ့မှာ ဆန္ဒခံယူပွဲ တချိန်ထဲ ကျင်းပခဲ့တဲ့ Luhansk ဒေသက ရလာဒ်တွေတော့ ခုချိန်ထိ ထွက်မလာသေးပါဘူး။
ဒီလူထုဆန္ဒခံယူပွဲဟာ ရာဇဝတ်မှုကျူးလွန်တဲ့ လုပ်ရပ်ခြင်းဖြစ်ကြောင်း ယူကရိန်းအစိုးရက ပြောကြားလိုက်ပြီး အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပမဟာမိတ်နိုင်ငံတွေကလည်း တရားမဝင်ကြောင်း ပြောဆိုပါတယ်။
အခုလို မဲခွဲဆုံးဖြတ်ပြီး သီးခြားလွတ်လပ်တဲ့ ပြည်နယ်တည်ထောင်မယ်ဆိုတဲ့ လုပ်ဆောင်မှုဟာ ယူကရိန်းနိုင်ငံအောက်မှာပဲ သီးခြား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်အဖြစ် ရပ်တည်ဖို့လား၊ ဒါမှမဟုတ် ရုရှားနိုင်ငံနဲ့ ပေါင်းစည်းရေးအတွက်လားဆိုတာတော့ အတိအကျ မသိရသေးပါဘူး။
ရုရှားသမ္မတ Vladimir Putin ကတော့ တနင်္ဂနွေနေ့ လူထုဆန္ဒခံယူပွဲကို ရက်ရွှေ့ဆိုင်းကြဖို့ ခွဲထွက်ရေးသမားတွေကို တောင်းဆိုခဲ့ပါတယ်။