ရုရှားစကားပြောဒေသမှာ ကျင်းပမယ့်ဆန္ဒခံယူပွဲကြောင့် ဆိုးကျိုးတွေ ကျရောက်နိုင်တယ်လို့ ယူကရိန်းအစိုးရက သတိပေးနေပေမဲ့လည်း တနင်္ဂနွေနေ့မှာ စီစဉ်ထားတဲ့အတိုင်း ယူကရိန်းကနေ ခွဲထွက်ရေးနဲ့ပတ်သက်တဲ့ လူထုဆန္ဒခံယူပွဲကို ကျင်းပသွားမှာဖြစ်တယ်လို့ ယူကရိန်းနိုင်ငံအရှေ့ပိုင်းက ရုရှား လိုလားသူ ခွဲထွက်ရေးသမားတွေက ပြောဆိုခဲ့ပါတယ်။
ဒီကနေ့ပြုလုပ်မယ့် လူထုဆန္ဒခံယူပွဲဟာ ဒေါ့ညန့်စ် (Donetsk) နဲ့ လုဟန့်စ် (Luhansk) မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့အတွက် ပြုလုပ်တာဖြစ်ပါတယ်။
အရေးတကြီး စီစဉ်ထားတဲ့ ဆန္ဒခံယူပွဲမှာ မဲပေးမယ့်အစီအစဉ်နဲ့ မဲပေးခွင့် ရှိသူ စာရင်းတွေနဲ့ ပတ်သက်လို့ ကျကျနနပြင်ဆင်မထားနိုင်တဲ့ အပေါ်မှာတော့ ယူကရိန်းနိုင်ငံနဲ့ အနောက်နိုင်ငံတွေက ပြစ်တင် ဝေဖန်ထားကြပါတယ်။
မကြသေးခင်က ကောက်ယူခဲ့တဲ့ စစ်တမ်းမှာ ယူကရိန်းကနေ ခွဲထွက်ရေးတာအပေါ် ဒေသခံ ၇၀ % က ဆန့်ကျင်တာနဲ့ ရွေးကောက်ပွဲတွေဟာ ဥပေဒနဲ့ညီ မညီ မေးခွန်းထုတ်နေတာတွေ ရှိပေမဲ့လည်း - ခွဲထွက်ရေးခေါင်းဆောင်တွေကတော့ ဒေါ့ညန့်စ် (Donetsk) နဲ့ လုဟန့်စ် (Luhansk) မှာ နေထိုင်ကြတဲ့ လူထုတွေက ဒေသ အနာဂတ်အတွက် ချက်ချင်း မဲပေးခွင့်ရဖို့ တောင်းဆိုနေကြတယ်လို့ ပြောဆိုပါတယ်။
ယူကရိန်း သမ္မတ အော်လက်ဆန်းဒါး တာချီနော့ဗ် (Oleksandr Turchynov) ကတော့ လွတ်လပ်ရေးရဖို့ ကြိုးစားတာဟာ ဒေသတွင်းမှာ အနိမ့်ဆုံးအဆင့် အထိ ရောက်အောင် လုပ်နေတဲ့ကိစ္စအဖြစ် ခွဲထွက်မယ့်သူတွေကို စနေနေ့ကပဲ သတိပေးခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံအရှေ့ပိုင်းမှာ လွတ်လပ်ရေးရဖို့ ကြိုးစားနေတဲ့ သူပုန်တွေကိုလည်း ဆွေးနွေးဖို့ တိုက်တွန်းခဲ့ပါတယ်။
အနောက်အုပ်စုခေါင်းဆောင်တွေကတော့ ခွဲထွက်ရေးလှုပ်ရှားမှုတွေကို အားပေးအားမြှောက် လုပ်နေတယ်ဆိုပြီး ရုရှားကို အပြစ်တင်နေကြတာပါ။
ဒါ့အပြင် ဂျာမနီဝန်ကြီးချုပ် အန်ဂလာ မာကဲနဲ့ ပြင်သစ်သမ္မတ ဖရန်ဆွာ အော်လန်းတို့ကတော့ ဒီရွေးကောက်ပွဲဟာ တရားမဝင်ဘူးလို့ စနေနေ့က ပြောဆိုထားတာပါ။ ဒါ့အပြင် စီစဉ်ထားတဲ့အတိုင်း မေလ ၂၅ ရက်နေ့ကျရင် ယူကရိန်းနိုင်ငံမှာ သမ္မတရွေးကောက်ပွဲ မကျင်းပနိုင်ဘူးဆိုရင် ရုရှားအပေါ် ချမှတ်ထားတဲ့ EU ဥရောပသမဂ္ဂ အရေးယူဒဏ်ခတ်မှုတွေကို ထပ်တိုးလုပ်ဆောင်ဖို့ သူတို့အနေနဲ့ ထောက်ခံသွားမှာဖြစ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ အရေးယူမှုအသစ်တွေဟာ ရုရှားနိုင်ငံရဲ့စီးပွားရေးကို အဓိက ပစ်မှတ်ထားလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။