မဲခေါင်မြစ်ပေါ် ဆည်ဆောက်ခြင်းနှင့် နောက်ဆက်တွဲ အကျိုးသက်ရောက်မှုများ

လာအိုနိုင်ငံအတွင်း မဲခေါင်မြစ်အနီး Sayaboly ဆည် တည်ဆောက်နေစဉ်။

သဘာဝပတ်ဝန်းကျင်နဲ့ လူမှုရေးဆိုင်ရာ အကျိုး သက်ရောက်မှုတွေ ဖြစ်ပေါ်လာနိုင်တဲ့ အတွက် မဲခေါင်မြစ်ဝှမ်း အောက်ဖက်ပိုင်းမှာ မီဂါဝပ် ၂၆၀ ရှိတဲ့ ရေအား လျှပ်စစ်ဆည် ဆောက်မယ့် အစီအစဉ်ကို ရွေ့ဆိုင်းထားဖို့ လာအို့စ်အစိုးရဟာ ဖိအားပေးမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ Friends of the Lower Mekong River - မဲခေါင်မြစ်အောက်ပိုင်းဒေသ မိတ်ဆွေနိုင်ငံများအဖွဲ့က ကိုယ်စားလှယ်တွေ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း လာအိုနိုင်ငံမှာ တွေ့ဆုံခဲ့ကြတာကလည်း ဒါဟာ ဘယ်လောက် အရေးပါတယ်ဆိုတာကို မီးမောင်းထိုးပြနေတာ ဖြစ်တဲ့အကြောင်း ဗွီအိုအေ သတင်းထောက် Ron Corben သတင်းပေးပို့ထားတာနဲ့အတူ ဆည်တည်ဆောက်ပုံ ကွာခြားမှုတွေအကြောင်း မြန်မာနိုင်ငံက ပညာရှင်တဦးရဲ့ ပြောဆိုထားတာတွေကို အခုသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။