ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ဆိုင်တဲ့ ပဋိပက္ခတွေအပေါ်မှာ အီဂျစ်သမ္မတရဲ့ ဖြေရှင်းပုံကို ကန့်ကွက်တဲ့အနေနဲ့ သမ္မတရဲ့ အဓိက အကြံပေးသုံးဦး ရာထူးကနေ နှုတ်ထွက်သွားခဲ့သလို သမ္မတ မိုဟာမက် မော်စီကို ထောက်ခံသူတွေနဲ့ ကန့်ကွက်သူတွေဟာလည်း ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းက ကိုင်ရိုမြို့မှာ ခဲတွေနဲ့ မီးလောင်ဗုံးတွေ သုံးပြီး အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပါတယ်။
မကြာသေးခင်က သမ္မတက သူ့ရဲ့ လုပ်ပိုင်ခွင့်အာဏာကို တိုးမြှင့်ယူလိုက်တဲ့အပေါ်မှာ မကျေနပ်လို့ ကန့်ကွက် ဆန္ဒပြနေကြတဲ့ သူတွေကို မစ္စတာ မော်စီရဲ့ အစ္စလာမ်ဝါဒီ ထောက်ခံသူတွေက တိုက်ခိုက်မှုတွေ လုပ်ခဲ့ပြီး တဲ့နောက် အခုလို အကြမ်းဖက်မှုတွေ ထပ်မံဖြစ်ပွားနေတာ ဖြစ်တယ်လို့ အဲဒီနေရာမှာ ရောက်နေတယ်လို့ ဗွီအိုအေ သတင်းထောက်က ပြောပါတယ်။
တိုက်ခိုက်မှုတွေအတွင်း ပေါက်ကွဲပစ္စည်းတွေ သုံးခဲ့ကြသလို အပျက်အစီး အသေအပျောက် နဲ့ ပတ်သက်လို့တော့ သေသေချာချာ မသိရသေဘူးလို့ ပြောပါတယ်။
သမ္မတကို ထောက်ခံသူတွေထဲမှာ အစ္စလာမ်ဝါဒီ မွတ်ဆလင် ညီအစ်ကိုတော်အဖွဲ့က လူများစုဖြစ်ပြီး ကန့်ကွက် ဆန္ဒပြသူတွေထဲမှာတော့ လူငယ်တွေနဲ့ အမျိုးသမီးတွေ အများအပြား ပါဝင်တယ်လို့လည်း ဆိုပါတယ်။
အပြန်အလှန် တိုက်ခိုက်မှုတွေအတွင်း လူပေါင်း ဒါဇင်နဲ့ချီ သေဆုံးခဲ့တဲ့အကြောင်း ဒေသခံ သတင်းတွေက ဖော်ပြနေကြပါတယ်။ သမ္မတရဲ့ အဓိက အကြံပေးသုံးဦးကတော့ သမ္မတ မော်စီ သူ့ရဲ့လုပ်ပိုင်ခွင့် အာဏာကို တိုးမြှင့်ယူလိုက်တဲ့အပေါ်မှာ ကန့်ကွက်တဲ့အနေနဲ့ နုတ် ထွက်ကြောင်း ကြေညာခဲ့ကြတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၂ ရက်နေ့ကတည်းကစလို့ သမ္မတရဲ့ အကြံပေး ၁၇ ဦးထဲက နှုတ်ထွက်သူ ၅ ဦး ရှိသွားပြီ ဖြစ်ပါတယ်။