အီဂျစ်-မွတ်ဆလင် ညီအစ်ကိုတော်များအဖွဲ့ခေါင်းဆောင် မိုဟာမတ် ဘာဒေး နဲ့ အစ္စလာမ်ဝါဒီ ၂၆ ယောက်ကို အီဂျစ် တရားရုံးတခုက ဒီကနေ့ပဲ ထောင်တသက် ချမှတ်လိုက်ပါတယ်။
လူတွေ သေကြေတဲ့အထိ ဖြစ်ခဲ့တဲ့ ဆန္ဒပြပွဲတွေမှာ ပါဝင်ပတ်သက်မှုနဲ့ ပြစ်ဒဏ်ချခံထားရပြီးဖြစ်တဲ့ မစ္စတာ ဘာဒေးဟာ ပြီးခဲ့တဲ့နှစ်က သမ္မတဟောင်း မိုဟာမတ်မော်စီကို စစ်တပ်က အာဏာသိမ်းပြီး ရာထူးကနေ ဖယ်ရှားခံခဲ့ပြီးတဲ့နောက် အစ္စလာမ် အတိုက်အခံတွေအပေါ် အစိုးရရဲ့ နှိမ်နင်းမှုတွေအတွင်း သီးခြား ဖြစ်ရပ်တွေနဲ့ ဆက်စပ်ပြီး သေဒဏ်ကျခံထားရသူ ဖြစ်ပါတယ်။ မွတ်ဆလင် ညီအစ်ကိုတော်များအဖွဲ့ကို ထောက်ခံသူ ၁၀ ယောက်ကိုလည်း တရားရုံးက သေဒဏ် ချမှတ်ခဲ့တာပါ။
ဒီလူတွေဟာ ပြီးခဲ့တဲ့ ဇူလိုင်လက ဆန္ဒပြပွဲတွေတွင်း လူသတ်မှု၊ အကြမ်းဖက်တွေမှာ ပါဝင်ခဲ့တယ်လို့ အမိန့်ချခဲ့သူ တရားသူကြီး Hassan Farid က ဒီကနေ့ပဲ ပြောဆိုလိုက်ပါတယ်။
သမ္မတဟောင်းမော်စီအပါအဝင် အဖွဲ့ခေါင်းဆောင်တွေ အများအပြား ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ မွတ်ဆလင်ညီအစ်ကိုတော်အဖွဲ့ကို အစိုးရက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။