နိုဘဲလ်ဆုရှင်ကို ဝန်ကြီးချုပ်ခန့်ရေး အီဂျစ်သမ္မတရုံးငြင်းဆို

ဖြုတ်ချခံသမ္မတ မော်စီကို ကန့်ကွက်ဆန္ဒပြနေကြတဲ့ အီဂျစ်ပြည်သူများ။ (ဇွန်လ ၅ ရက်၊ ၂၀၁၃)။

အီဂျစ်ကြားဖြတ်အစိုးရ ဝန်ကြီးချုပ်အဖြစ် ပြုပြင်ပြောင်းလဲရေး လိုလားသူ၊ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် Mohamed Elbaradei ကို ခန့်အပ်တယ်ဆိုတဲ့ ကြေညာချက်နဲ့ပတ်သက်ပြီး အီဂျစ်သမ္မတသစ်ရုံးက အတည်ပြုဖို့ြငင်းဆိုနေ ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဆက်လက်တိုင်ပင်နေဆဲဖြစ်သလို နိုဘဲလ်ငြိမ်းချမ်းရေး ဆုရှင်ကို ဝန်ကြီးချုပ်အဖြစ် ခန့်ဖို့ မသေချာပါဘူးလို့ သမ္မတ Adly Mansour ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ဖြုတ်ချခံရတဲ့ သမ္မတမော်စီရဲ့ မူဆလင်ညီအစ်ကိုတော်များအဖွဲ့ နဲ့ ထောက်ခံသူတွေ ကတော့ Elbaradei ကို ဝန်ကြီးချုပ် တာဝန်ပေးမယ့် သတင်းအပေါ် အပြင်းအထန်ကန့်ကွက်နေကြပါတယ်။ သူဟာ အမေရိကန်ရဲ့ ခြေသည်းလက်သည်း ဖြစ်တယ်၊ အမေရိကန် အတွက် ထောက်လှမ်းပေး နေတယ်၊ ဒါ့ကြောင့် အီဂျစ်နိုင်ငံရေးလောက ကနေ သူ့ကို ဖယ်ရှား ပစ်မယ်စသဖြင့် မူဆလင်ညီအစ်ကိုတော်များ ထောက်ခံသူတွေ က ကြိမ်းဝါးနေကြပြီး မော်စီကို သမ္မတအဖြစ် ပြန်လည် အပ်နှင်းတဲ့အထိ ဆန္ဒပြသွားမယ်လို့ ပြောနေကြပါတယ်။

အမေရိကန်သမ္မတ အိုဘားမားကတော့ အီဂျစ်နိုင်ငံရဲ့ ဘယ်နိုင်ငံရေးပါတီ၊ ဘယ်အဖွဲ့အစည်းကိုမှ ဘက်မလိုက်သလို၊ ထောက်ခံနေတာလည်း မဟုတ်ဘူးဆိုတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ရပ်တည်ချက်ကို ထပ်လောင်းပြောဆိုထားပါတယ်။