Back စကားလုံးဆိုင်ရာ အီဒီယံ အသုံးအနှုန်းများ

Back စကားလုံးဆိုင်ရာ အီဒီယံ အသုံးအနှုန်းများ

Back စကားလုံးဆိုင်ရာ အီဒီယံ အသုံးအနှုန်းများ

ဒီတပတ် တင်ပြပေးမယ့် အမေရိကန်အီဒီယံ အသုံးအနှုန်းများမှာ backbone, backslide နဲ့ back seat driver တို့ ဖြစ်ကြပါတယ်။

ပထမဦးဆုံးတင်ပြပေးမယ့် အီဒီယံအသုံးကတော့ backbone ဖြစ်ပါတယ်။ Backbone = ကျောရိုး ဖြစ်ပါတယ်။ ကျောရိုးဟာ တနည်းဆိုရင် စိတ်ဓါတ်ခိုင်မာမှု၊ သတ္တိရှိမှုကို ရည်ညွှန်းလေ့ ရှိပါတယ်။

ဒီအသုံးနဲ့ ပတ်သက်ပြီး George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Two years ago, my sister Susie broke both legs in a ski accident. The doctor said she never skies again, but she has plenty of backbone. She took a physical therapy and backs on ski like before.

လွန်ခဲ့တဲ့ (၂) နှစ်က ကျနော့် ညီမ Susie နှင်းလျှောစီးပြီး မတော်တဆဖြစ်လို့ ခြေထောက်နှစ်ချောင်းလုံး ကျိုးသွားခဲ့တယ်။ ဆရာဝန်က သူမ ဘယ်တော့မှ နှင်းလျှောပြန်မစီးနိုင်တော့ဘူးလို့ ပြောခဲ့တယ်။ ဒါပေမဲ့ သူမက အတော်စိတ်ဓါတ် ခိုင်မာတယ်။ လေ့ကျင့်ခန်းလုပ် ကုသတဲ့အတွက် အရင်ကအတိုင်း ပြန်ပြီးနှင်းလျှော စီးနိုင်ပြီ။

ဒုတိယ တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းကတော့ backslide ဖြစ်ပါတယ်။ Backslide = အခြေအနေကောင်းလာပြီးမှ ဒုံရင်းကို ပြန်ဆိုက်ခြင်း ဖြစ်ပါတယ်။ ဒီအသုံးက စာရိတ္တကို ရည်ညွှန်းမယ်ဆိုရင် ကျမတို့ မြန်မာစကားပုံအတိုင်း ခွေးမြီးကောက် ကျည်တောက်စွပ် တဲ့ ပုံစံမျိုး ဖြစ်ပါတယ်။ ဆေးလိပ်ဖြတ်မယ်၊ အရက်သောက်ဖြတ်မယ်လို့ ပြောပြီး မဖြတ်နိုင်တဲ့လူမျိုး။ တနည်းအားဖြင့် စိတ်ဓါတ်မခိုင်တဲ့လူ၊ စိတ်ပြန်လျှောပြီး ပြုပြင်သင့်တာကို ဖြစ်ဖြစ်မြောက်မြောက် မပြုပြင်တဲ့ အကျင့်ဆိုးကို မဖျောက်နိုင်တဲ့ လူမျိုးဖြစ်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်ပြီး George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

I don’t know what to do about my wife. She has an awful cough from smoking and she tries to stop for a dozen times. After a couple of weeks, she backslides and puffing away again.

ကျနော့် အမျိုးသမီးနဲ့ ပတ်သက်လို့တော့ ဘာမှမတတ်နိုင်တော့ဘူး။ ဆေးလိပ်တွေသောက်လို့ ချောင်းတွေ အရမ်းဆိုးနေတယ်။ ဆေးလိပ်ဖြတ်ဖို့ ကြိုးစားခဲ့တာလည်း အကြိမ်များစွာ ရှိနေပြီ။ ဒါပေမဲ့ သတင်းပတ်အနည်းငယ်အကြာမှာ သူ့အကျင့်ဆိုးပြန်ပေါ်ပြီး ဆေးလိပ်ပြန်သောက်တတ်တယ်။

Back စကားလုံးနဲ့ ပတ်သက်လို့ နောက်ဆုံးတင်ပြပေးမယ့် အီဒီယံအသုံးမှာ back seat driver ဖြစ်ပါတယ်။ Back = နောက်တန်း , Seat = ခုံ , Driver = ကားမောင်းသူ တို့ ဖြစ်ကြပါတယ်။ ဒီအသုံးကတော့ ကားနောက်ဘက်တန်းမှာ ထိုင်ပြီး မလိုအပ်ဘဲ ဘယ်လိုမောင်း ဘာညာပြောဆိုတတ်သူကို ခေါ်ဆိုခြင်း ဖြစ်ပါတယ်။ အပြစ်တင်ခြင်း၊ ဆရာလုပ်ခြင်းကို ဆိုလိုပါတယ်။ အများအားဖြင့် အမျိုးသမီးများကို သရော်တဲ့ အသုံးဖြစ်ပါတယ်။ ဒါပေမဲ့ အမျိုးသားတွေလည်း ကိုယ့်အမျိုးသမီး၊ ကိုယ့်သမီးတွေ ကားမောင်းရင် စိတ်ပူ၊ စိတ်မချဖြစ်ခြင်း၊ ဆရာလုပ်ခြင်းဖြင့် back seat driver ဖြစ်ကြပါတယ်။

ဒီအသုံးနဲ့ ပတ်သက်ပြီး George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Why don’t you pass the car front? He is going too slow. Look out! Do you see the car coming out of that side street? Oh oh better slow down the light turning red ahead. I’m getting to be a back seat driver.

ရှေ့က ကားကို ကျော်လိုက်ပါလား။ ရှေ့ကကားမောင်းသူက အရမ်းနှေးတယ်။ သတိထားအုံး ဟိုဘက်လမ်းကြားထဲကနေ ကားတစီးထွက်လာတာ မြင်ရဲလား။ အို အရှိန်လျှော့အုံး။ ရှေ့မှာ မီးက နီတော့မယ်။ ကိုယ်လည်း နောက်တန်းကနေမောင်းတဲ့ ကားမောင်းသမား ဖြစ်မှန်မသိ ဖြစ်နေပြီ။