တူရကီဝန်ကြီးချုပ် သမ္မတရွေးကောက်ပွဲ အနိုင်ရ

သမ္မတအဖြစ် အရွေးခံရတဲ့ တူရကီဝန်ကြီးချုပ် Recep Tayyip (သြဂုတ် ၁၀၊ ၂၀၁၄)

တူရကီဝန်ကြီးချုပ် Recep Tayyip Erdogan ဟာ တိုင်းပြည်အတွင်း ပထမဆုံးအကြိမ် သမ္မတကို တိုက်ရိုက်ရွေးချယ်တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရသွားတဲ့အတွက် တူရကီခေါင်းဆောင်အဖြစ် နောက်ထပ် ၅ နှစ် တာဝန်ထမ်းဆောင်ရဦးမှာ ဖြစ်ပါတယ်။

မဲတွေအားလုံးနီးပါး ရေတွက်ပြီးတဲ့အချိန်ထိ ခရိုင်ရွေးကောက်ပွဲတွေက ရလဒ်တွေမှာ မစ္စတာ Erdogan က အပြတ်အသတ် အနိုင်ရနေတယ်လို့ တူရကီရွေးကောက်ပွဲ ကော်မရှင်က တနင်္ဂနွေနေ့မှာ ပြောပါတယ်။

သူ့ရဲ့ အဓိကပြိုင်ဖက်နှစ်ဦးဖြစ်တဲ့ မဲအရေအတွက် ၃၉ ရာခိုင်နှုန်း အနိုင်ရထားသူ OIC အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ခေါင်းဆောင်ဟောင်း Ekmeleddin Ihsanoglu နဲ့ မဲအရေအတွက် ၉ % အနိုင်ရထားသူ ကာ့ဒ်လူမျိုး ကိုယ်စားလှယ်လောင်း Selahattin Demirtas တို့ထက် အပြတ်အသတ် အသာစီးရနေတယ်ဆိုတာကို ထွက်လာတဲ့ ရလဒ်တွေက ပြသနေပါတယ်။

အသက် ၆၁ နှစ်ရှိပြီဖြစ်ပြီး ဘာသာရေး ကိုင်းရှိုင်းသူ မစ္စတာ Erdogan ဟာ အောင်ပွဲခံ မိန့်ခွန်းပြောကြားဖို့ မြို့တော် အန်ကာရာကို မထွက်ခွာခင် ဗလီကျောင်းမှာ ဝတ်ပြုဆုတောင်းခဲ့တဲ့အကြောင်း တူရကီ ရုပ်မြင်သံကြား သတင်းတွေမှာ ဖော်ပြကြပါတယ်။