အီသီယိုးပီးယား ဘာသာရေးပွဲတော်မှာ လူ ၅၂ ဦးသေ

အီသီယိုးပီးယား ဘာသာရေးပွဲတော်မှာ အစိုးရဆန့်ကျင်ရေးဆန္ဒပြသူတွေကို လူစုခွဲ

အီသီယိုးပီးယားနိုင်ငံ Oromiya အရပ်မှာ တနင်္ဂနွေနေ့က ဘာသာရေးပွဲတခုအတွင်း အစိုးရဆန့်ကျင်ရေးဆန္ဒပြသူတွေကို လူစုခွဲဖို့ ရဲတပ်ဖွဲ့ဝင်တွေက မျက်ရည်ယိုဗုံးတွေ၊ သတိပေးသေနတ်ပစ်ဖောက်တာတွေ လုပ်ခဲ့ပြီး လူ ၅၂ ဦးသေဆုံးခဲ့ကြောင်း တနင်္ဂနွေနေ့ နှောင်းပိုင်းမှာ ဒေသခံအရာရှိတွေကပြောပါတယ်။

လူအုပ်ကြီးဟာ မျက်ရည်ယိုဗုံးတွေကြောင့် အကြောက်လွန်ပြီး ခြေဦးတည့်ရာပြေးခဲ့ကြပါတယ်။

မိုးရာသီအကုန်မှာ ဒီပွဲတော်ကိုကျင်းပလေ့ရှိတဲ့ Oromo လူမျိုးနွယ်စုတွေရဲ့ ဘာသာရေးပွဲတော်ကာလမှာ ဖြစ်ခဲ့တဲ့ ဝရုန်းသုန်းကား အခြေအနေကြောင့် အများအပြား ဒဏ်ရာရခဲ့ကြောင်း အစိုးရက ကြေညာပါတယ်။

Irreecha ပွဲတော်ဟာ Addis Ababa တောင်ပိုင်း ကီလိုမီတာ လေးဆယ် အကွာမှာရှိတဲ့ Bishoftu မြို့က Harsadi ရေကန်မှာ ထောင်ပေါင်းများစွာသော လူတွေစုဝေးပြီး ဘုရားသခင်ရဲ့ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းတဲ့ပွဲဖြစ်ပါတယ်။ လူအုပ်ထဲက တချို့လူတွေဟာ သူပုန်အဖွဲ့တခုရဲ့အလံတွေကို ဝှေ့ယမ်းပြီး ငါတို့ လွတ်လပ်မှုလိုတယ်၊ ငါတို့ တရားမျှတမှုလိုအပ်တယ်လို့ ကြွေးကြော်ခဲ့ကြပါတယ်။

Your browser doesn’t support HTML5

အီသီယိုးပီးယား ဘာသာရေးပွဲတော်မှာ လူ ၅၂ ဦးသေ