EU က ဗြိတိန်ထွက်ရေးမူကြမ်းမှာ ဂျီဗရော်လ်တာအရေးပြင်ဆင်ပေးဖို့ စပိန်တောင်းဆို

စပိန်ဝန်ကြီးချုပ် Pedro Sanchez

EU ဥရောပသမဂ္ဂထဲကနေ ဗြိတိန်နိုင်ငံနုတ်ထွက်ရေး သဘောတူညီမှုတွေ အပြီးသတ်ညှိနှိုင်းနေချိန် မှာ Gibraltar ကျွန်းကိစ္စနဲ့ပတ်သက်လို့ မူကြမ်းတွေထဲမှာ ပြင်ဆင်ပေးဖို့ စပိန်နိုင်ငံကတောင်းဆိုနေ ပါတယ်။ Gibraltar နဲ့ဆိုင်တဲ့ကိစ္စတွေမှာ နောင်ကျရင် စပိန်ရဲ့ ခွင့်ပြုချက်ရမှ EU နဲ့ ဗြိတိန်ကြား ဆွေးနွေး ဆုံးဖြတ်နိုင် မယ်ဆိုတဲ့ အချက်ကို ရှင်းရှင်းဖော်ပြ ပြင်ဆင်ပေးပါလို့ စပိန်နိုင်ငံက တောင်းဆိုနေတာဖြစ်ပါတယ်။

အနာဂါတ် Gilbraltar အရေးကို စပိန်နဲ့ ဗြိတိန်တိုက်ရိုက်ဆွေးနွေးရမယ်လို့ စပိန်ကပြောပါတယ်။ ၁၇၁၃ ခုနှစ်ထဲက ဗြိတိန်အုပ်ချုပ်မှုအောက်ရောက်ခဲ့တဲ့ Gibraltar ဒေသကို စပိန်နိုင်ငံက သူတို့ ပိုင်ဆိုင်တယ်လို့ ပြောနေတာ ဖြစ်ပါတယ်။

EU ထဲက ဗြိတိန်နုတ်ထွက်ရေး သဘောတူညီမှုမူကြမ်းနဲ့ သဘောတူမှုကြေညာစာတမ်း မူကြမ်းတွေ ကို တည်ပြုဖို့ EU ခေါင်းဆောင်တွေ တနင်္ဂနွေနေ့မှာ တွေ့ဆုံကြမှာဖြစ်ပါတယ်။ Gibraltar ကိစ္စနဲ့ ပတ်သက်လို့ စပိန်နဲ့ ဗြိတိန်ကြား သဘောထား တော်တော်ကွဲနေပြီး မူကြမ်းတွေကို သူတို့တောင်း ဆိုနေသလို ပြင်ဆင် မပေးရင် သဘောတူညီမှုတွေကို Veto သုံးပယ်ချမယ်လို့ စပိန်ဝန်ကြီးချုပ် Pedro Sanchez က Twitter လူမှုကွန်ယက်ပေါ်မှာ ရေးသားခဲ့ပါတယ်။

Brexit သဘောတူညီမှု အတည်ပြုနိုင်ဖို့ EU နိုင်ငံတွေကြား တညီတညွတ်ထဲ သဘောတူညီမှု မလို အပ်ပါဘူး။ ဒါပေမဲ့ စပိန်က Veto သုံးပယ်ချခဲ့ရင် EU နဲ့ ဗြိတိန်ကြား လွတ်လပ်တဲ့ ကုန်သွယ်ရေး သဘောတူညီမှုရနိုင်ရေး ကိစ္စမှာ အဟန့်အတားဖြစ်နိုင်ပါတယ်။ ဗြိတိန်နုတ်ထွက်ပြီးနောက်ပိုင်း ၂ ဘက်လိုက်နာရမယ့် ဥပဒေသတ်မှတ် ချက်တွေပါတဲ့ သဘောတူညီချက်မူကြမ်းအပေါ် ဗြိတိန်ပါလီမန်မှာလည်း အကြီးအကျယ်ကန့်ကွက်မှုတွေ ရှိနေပါတယ်။

EU နဲ့ဗြိတိန်ကြားသဘောတူထားတဲ့ မူကြမ်းကို ပယ်ချခဲ့မယ်ဆိုရင် ဒီထက်ကောင်းတဲ့သဘောတူမှု EU နဲ့ထပ်မရနိုင်ဘူးလို့ ဝန်ကြီးချုပ် Theresa May က ဒီကနေ့ထပ်ပြောခဲ့ပါတယ်။

Your browser doesn’t support HTML5

EU က ဗြိတိန်ထွက်ရေးမူကြမ်းမှာ ဂျီဗရော်လ်တာအရေးပြင်ဆင်ပေးဖို့ စပိန်တောင်းဆို